မြန်မာနိုင်ငံသည် လူသိနည်းသော သဘာဝတရားများ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် အံ့သြဖွယ်အကောင်းဆုံး အာရှခရီးသွားအတွေ့အကြုံများထဲမှ တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ဆီးနှင်းထူထပ်သော ဟိမဝန္တာတောင်စွယ်များမှ တောင်ဘက်ရှိ ပင်လယ်ရေပြာပြာအထိ သဘာဝ အလှတရားများ ပေါများသောနိုင်ငံဖြစ်ပါသည်။
လိုဏ်ဂူများ၊ သန္တာကျောက်တန်းများ၊ ရေကန်များ၊ မြစ်များ၊ ကမ်းခြေများ၊ ကျွန်းများနှင့် တောင်တန်းများစသည့် သဘာဝအလှတရားများအပြင် သမိုင်းနှင့်ယဉ်ကျေးမှုကို စိတ်ပါဝင်စားသူများအနေဖြင့် ဘုရားပုထိုးများ၊ ပွဲတော်များ၊ လူမျိုးပေါင်း ၁၃၅ မျိုးနှင့် ၎င်းတို့၏ အရသာရှိသော ဟင်းလျာမျိုးစုံတို့ကို ခံစားနိုင်မည်ဖြစ်ပါသည်။