Skip to content

ကလော

စိတ်ဝင်စားဖွယ်အချက်များ

  • ကလောမြို့တွင် ကိုလိုနီခေတ်အငွေ့အသက်များလွှမ်းမိုးနေသည်ကို တွေ့ရှိနိုင်ပါသည်။ ကိုလိုနီခေတ်အဆောက်အဦများနှင့် မီးရထားလမ်းဟောင်းများသည် ကမ္ဘာလှည့် ခရီးသွားများအား ၎င်းအချိန်သို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားစေနိုင်ပါသည်။
  • အနီးအနားရှိ တောင်တန်းဒေသများမှ တိုင်းရင်းသားလူမျိုးစုများသည် ငါးရက် တစ်ကြိမ် ကလောဈေးသို့ လာရောက်ရောင်းချလေ့ရှိကြပါသည်။ ဈေးနေ့များတွင် ဈေးသွားဈေးလာများဖြင့် စည်ကားလျက်ရှိပါသည်။
  • ကလောသည် မြန်မာနိုင်ငံတွင် တောလမ်းခရီးသွားလာခြင်းအများစု ပြုလုပ်သော အဓိက နေရာဖြစ်ပါသည်။ လမ်းကြောင်းများစွာရှိပြီး အရှည်ဆုံးလမ်းကြောင်းမှာ အင်းလေးသို့ (၃) ရက် လမ်းလျှောက်သွားရခြင်းဖြစ်ပါသည်။

DAY 3: FULL DAY TREK AT KALAW

ကလောမြို့သည် ရှမ်းပြည်နယ်၏ တောင်ထူထပ်သော မြို့ငယ်လေးတစ်ခုဖြစ်ပြီး ခရီးသွားများအား အပူဒဏ်မှ ကင်းလွတ်စေနိုင်ပါသည်။ ဤထူးခြားသော မြို့လေးသည် ခရီးသွားဧည့်သည်များ စုဝေးရာနေရာနှင့် ဝေးကွာပြီး မပျက်စီးသေးဘဲ သဘာဝအတိုင်း သန့်ရှင်းလှပနေဆဲနေရာတစ်ခုဖြစ်ပါသည်။

          ၎င်းဗြိတိသျှတောင်ကုန်းမြို့လေးသည် နိုင်ငံအတွင်း တောလမ်းခရီးသွားလာခြင်း အများစုပြုလုပ်ရာ အဓိကနေရာဖြစ်ပါသည်။ မြို့သည်သေးငယ်ပြီး နာရီဝက်အတွင်း လမ်းလျှောက်သွားလာနိုင်ပါသည်။ ကလောမြို့တွင် သာယာလှပသည့် ရှမ်းတောင်တန်းများ သို့ ဖြတ်သန်းသွားလာနိုင်သည့် လမ်းကြောင်းများစွာလည်းရှိပါသည်။

သမိုင်းကြောင်း

ကိုလိုနီခေတ်တွင် ဗြိတိသျှများက အပူဒဏ်ကိုရှောင်ရှားနိုင်ရန်အတွက် ကလောမြို့တွင် နေထိုင်ခဲ့ကြပါသည်။ ၎င်းမြို့ငယ်လေးသည် ကိုလိုနီခေတ်အဆောက်အဦများနှင့် မီးရထား လမ်းများကြောင့် ကိုလိုနီခေတ်အငွေ့အသက်များလွှမ်းမိုးလျှက်ရှိပြီး ကိုလိုနီခေတ်အား ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားစေနိုင်ပါသည်။ ကလောမြို၏ အနီးအနားရှိတောင်တန်း ဒေသများသည် ပလောင်နှင့် ဓနုကဲ့သို့သော တိုင်းရင်းသားလူမျိုးစုများနေထိုင်ပြီး အိန္ဒိယ နိုင်ငံနှင့် နီပေါနိုင်ငံတို့မှ နိုင်ငံအတွင်း အလုပ်ရှာဖွေရန်လာရောက်ကြသူများလည်း နေထိုင်ရာ ဒေသဖြစ်ပါသည်။ ထို့ကြောင့် ကလောမြို့သည် စိတ်ဝင်စားဖွယ်ကောင်းသော ယဉ်ကျေးမှု များပေါင်းစုံရာ ဒေသလည်းဖြစ်ပါသည်။

သွားလာလည်ပတ်နိုင်သောနည်းလမ်းများ

ခရီးသွားဧည့်သည်များအား ဆွဲဆောင်နိုင်သည့် နေရာများ

ကလောမြို့၏ပတ်ပတ်လည်အား ရင်သပ်ရှုမောဖွယ်ကောင်းသော အစိမ်းရောင် တောင်တန်းများဖြင့် ဝန်းရံထားပါသည်။ အလွန်ပင်သေးငယ်သော မြို့ဖြစ်သော်လည်း မြို့လယ်ခေါင်တွင် စည်းကားလျက် ဈေးများတွင် မြို့၏ အကောင်းဆုံးအစားအသောက်များ ကိုရရှိနိုင်ပါသည်။ အနီးအနားပတ်ဝန်းကျင်ရှိ တောင်တန်းဒေသများမှ တိုင်းရင်းသားလူမျိုးစု များသည်လည်း ငါးရက်တစ်ကြိမ်ဖွင့်လှစ်သည့် ဈေးသို့ လာရောက်ရောင်းချလေ့ရှိပါသည်။ ထိုရက်များတွင် ဈေးအတွင်းစည်ကားလျက်ရှိပြီး သန့်ရှင်းလတ်ဆက်သော ဒေသထွက်ကုန် များအား ဝယ်ယူရောင်းချလေ့ရှိကြပါသည်။

          အောင်ချမ်းသာစေတီသည် မြို့လယ်ခေါင်တွင်တည်ရှိပြီး မှန်စီရွှေချကပ်လှူထား သဖြင့် နေ့အချိန်တွင် တောက်ပလျက်ရှိပါသည်။ မိနစ် (၂၀) ခန့် လမ်းလျှောက်သွားပါက နှစ်ပေါင်း (၅၀၀) သက်တမ်းရှိသော နှီးဖြင့်ရက်လုပ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်နိုင်မည်ဖြစ်ပါသည်။ သိမ်တောင်ဘုန်းကြီးကျောင်းသို့ သွားရောက်၍လည်း မြို့ရှုခင်း ကျယ်အား ကြည့်ရှုခံစားနိုင်ပါသည်။

          ကလောမြို့သည် အများအားဖြင့် ရှမ်းတောင်တန်းများတစ်လျှောက် တောင်တက် ရန်နေရာတစ်ခုဖြစ်ပါသည်။ တောင်တက်လမ်းကြောင်းများသည် ခက်ခဲသည့်အဆင့်များ အလိုက် ခြားနားပြီး လမ်းကြောင်းအရှည်အရ နေ့တစ်ဝက်မှ ရက်ပေါင်းများစွာအထိ ကြာမြင့် နိုင်ပါသည်။ အများဆုံးသွားလေ့ရှိကြသည်မှာ အင်းလေးသို့ သွားရောက်ခြင်းဖြစ်ပြီး ရောက်ရှိရန် (၃) ရက် ကြာမြင့်ပါသည်။ အကယ်၍ တောင်တက်သမားတစ်ဦးမဟုတ်ပါက ဈေးတွင် ဆိုင်ကယ်ငှားရမ်းနိုင်ပြီး အကွေ့အကောက်လမ်းများတစ်လျှောက် မောင်းနှင် နိုင်ပါသည်။

လုပ်ဆောင်နိုင်သောအရာများ

တောင်တက်ခြင်း

ရှမ်းတောင်တန်းများတစ်လျှောက် သွားလာနိုင်ပြီး တောင်တက်လမ်းကြောင်းများ သည် ခက်ခဲသည့်အဆင့်များအလိုက် ခြားနားပြီး လမ်းကြောင်းအရှည်အရ နေ့တစ်ဝက်မှ ရက်ပေါင်းများစွာအထိ ကြာမြင့်နိုင်ပါသည်။ တောင်ပေါ်ရှိ ကျေးရွာများသို့ လည်ပတ်၍ ဒေသခံများ၏ လူနေမှုဘဝအား လေ့လာနိုင်ပြီး အသွားအများဆုံးမှာ အင်းလေးသို့ သွားရောက်ခြင်းဖြစ်ပါသည်။

တောင်တက်စက်ဘီးစီးခြင်း

စက်ဘီးစီးနှစ်သက်သူများသည် တောင်တက်စက်ဘီးအားငှားရမ်းပြီး တောင်တန်း များတစ်လျှောက် လှည့်လည်စီးနင်းနိုင်ပါသည်။ အကွေ့အကောက်လမ်းများမှတစ်ဆင့် စိမ်းလန်းစိုပြည်သောတောင်တန်းများကို ရောက်ရှိနိုင်မည်ဖြစ်ပြီး အင်းလေးသို့လည်း သွားရောက်လည်ပတ်နိုင်ပါသည်။ စက်ဘီးများသည် ဈေးအတွင်းရှိ စက်ဘီးငှားရမ်းဆိုင်များ တွင်ငှားရမ်းနိုင်ပါသည်။

ရှမ်းရိုးမဆင်စခန်း

ဆင်စခန်းသည် (၄၅)မိနစ်ခန့်အကွာတွင်ရှိပြီး တစ်နေ့တာလည်ပတ်ရန်ကောင်းသော နေရာလည်းဖြစ်ပါသည်။ ဆင်များအားရေချိုးပေးခြင်း၊ ထိတွေ့ကိုင်တွယ်ခြင်း၊ အစာကျွေး ခြင်းပြုလုပ်နိုင်ပါသည်။ ဆင်စခန်း၌ အရသာရှိသော ရိုးရာအစားအစာစစ်စစ်များဖြင့် နေ့လည်စာကိုလည်းသုံးဆောင်နိုင်သဖြင့် ကလောမှနေ့ချင်းပြန်ခရီးသွားရန် ကောင်းမွန်သော နေရာဖြစ်ပါသည်။

နေဝင်နေထွက်ချိန်အား ကြည့်ရှုခြင်း

အစိမ်းရောင်တောင်တန်းကြီးများအနောက်သို့ နေဝင်သွားလျှင် ကလောမြို့သည် အသက်ဝင်သည့် ဓာတ်ပုံပန်းချီကားတစ်ချပ်အဖြစ် ပြောင်းလဲသွားပါသည်။ တောင်ထိပ်တွင် တည်ရှိသော သိမ်တောင်ဘုန်းကြီးကျောင်း (သို့မဟုတ်)ကမ္ဘာ့ငြိမ်းချမ်းရေးစေတီမှ အံ့ဩဖွယ် ကောင်းသော နေဝင်နေထွက်ချိန်အား ကြည့်ရှုနိုင်ပြီး နေရာနှစ်ခုလုံးတွင် တောင်တန်းနှင့် မြို့ပတ်ပတ်လည်အား (၃၆၀) ဒီဂရီမြင်တွေ့နိုင်မည်ဖြစ်ပါသည်။

Popular in Myanmar

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

Š COPYRIGHT 2020. ALL RIGHTS RESERVED