Skip to content

ပုသိမ်မြို့

စိတ်ဝင်စားဖွယ်ရာအချက်များ

  • ပုသိမ်မြို့သည် လှပပြီး ဒီဇိုင်းစုံသည့် ပုသိမ်ထီးရယ်လို့ တင်စားခေါ်ဝေါ်ရတဲ့ ရောင်စုံ ထီးများကြောင့် လူသိများပြီး မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုရတနာမြို့တော်ဟုတင်စားလေ့ရှိသည်။
  • မြန်မာနေရှင်နယ်လိဂ်ကလပ် (MNL) ပြိုင်ပွဲဝင်အသင်း တစ်သင်းဖြစ်တဲ့ ဧရာဝတီ ယူနိုက်တက် FCကို မွေးဖွားပေးခဲ့သော ပုသိမ်မြို့မှာဆိုလျှင် ထိုင်ခုံ ၆၀၀၀ ဆံ့ ဧရာမ အားကစားကွင်းရှိပြီး ဘောလုံးပြိုင်ပွဲပေါင်းများစွာကို လက်ခံကျင်းပပေးခဲ့ရုံသာမကမြို့၏ဂုဏ်ဆောင်လည်း ဖြစ်သည်။
  • လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်ကတည်းက စတင်တည်ထောင်ခဲ့သော ပုသိမ်ထီး အလုပ်ရုံ အချို့ကို ယနေ့အချိန်အထိ အောင်မြင်စွာ လည်ပတ်လျက်ရှိနေသေးသည်ကို တွေ့မြင်နိုင်မှာ ဖြစ်သည်။

ပုသိမ်မြို့သည်ရန်ကုန်မြို့နှင့်ကီလိုမီတာ ၁၉၀ ခန့်အကွာတွင် တည်ရှိသော ဧရာဝတီတိုင်း ဒေသ ကြီး၏မြို့တော်နှင့်အကြီးဆုံးမြို့ဖြစ်ပြီး ဧရာဝတီမြစ်ခွဲဖြစ်သော ပုသိမ်မြစ်ကမ်းပေါ်တွင် တည်ရှိ သည်။ မြန်မာနိုင်ငံ၏ အရေးပါသော ရေကြောင်းဆိပ်ကမ်းတစ်ခုလည်း ဖြစ်သည်။ ပုသိမ်မြို့ သည် တိတ်ဆိတ်ငြိမ်သက်သည့် မြစ်ကမ်းနားမြို့ဖြစ်ပြီး ခြောက်သွေ့သော နေ့ရက်များကို ဖြတ်သန်းကုန်ဆုံးရန်အတွက် အကောင်းဆုံးမြို့လေးဖြစ်ပါတယ်။ ပုသိမ်မြို့၏ အပူပိုင်း မုတ်သုံ ရာသီဥတုဖြစ်သော ဇွန်လမှသြဂုတ်လအထိ မိုးဖြိုင်ဖြိုင်ရွာသွန်းလေ့ရှိပြီး ၎င်းမြို့လေးသို့ ဆောင်းရာသီဖြစ်သော ဒီဇင်ဘာလမှ ဧပြီလအထိ ခြောက်သွေ့သောလများတွင် လာရောက် လည်ပတ်ရန်အကောင်းဆုံးဖြစ်သည်။

နောက်ခံသမိုင်းကြောင်း

ရှေးဟောင်းမှတ်တမ်းစာပေများတွင်ပုသိမ်မြို့သည်ပုဂံခေတ်မတိုင်မီကတည်းကတည်ရှိခဲ့ပြီး ဖြစ်သည် ဟု ဖော်ပြထားသည်။ကိုလိုနီခေတ်ဦးပိုင်းတွင် ပုသိမ်မြို့သည် မွန်ပဒေသရာဇ်၏ သစ္စာခံနယ်မြေတစ်ခု ဖြစ်ခဲ့ပြီးပထမအင်္ဂလိမ်-မြန်မာစစ်ပွဲအပြီးတွင် ပုသိမ်မြို့သည် အင်္ဂလိပ်လက်အောက်သို့ကျရောက် ခဲ့ သည်။ ၁၈၂၆ ခုနှစ်တွင် ဗြိတိသျှတပ်က ခံတပ်နှင့် တပ်စောင့်များကို တည်ဆောက်ခဲ့ကာ မြို့အမည်ကိုလည်း”ပုသိမ်”မှ”ဘသိန်”ဟူ၍ အသံထွက် လွယ်ကူစေရန် ပြောင်းလဲခဲ့ကြောင်းသိရှိရသည်။

ရောက်ရှိနိုင်မည့်နည်းလမ်း

အဓိကဆွဲဆောင်သည့်နေရာများ

ပုသိမ်မြို့တွင် လည်ပတ်စရာနေရာများစွာရှိပြီး (၃၀၅) ဘီစီတွင် အသောကမင်းကြီး တည်ထား ကိုးကွယ် ခဲ့သော ရွှေမုတ်တော်ဘုရားဟာဆိုလျှင် ခရီးသွားများအကြားတွင် လာရောက်ဖူးမျှော်ရန် အလွန်ရေပန်း စားလျက်ရှိပါသည်။စေတီတော်အား စိန်(၈၀၀)ကျော်၊ ပတ္တမြား (၈၀၀) နှင့် အခြားသော အဖိုးတန် ကျောက်မျက်ထောင်ပေါင်းများစွာနှင့်အတူ ရွှေ၊ ငွေ၊ ကြေးတို့ဖြင့် ပုံသွင်းအလှဆင် ထားသည်။ ထို့အပြင် (၁၈၇၂)ခုနှစ်က ကိုလိုနီခေတ် ဗိဿုကာပုံစံကို အခြေတည်ကာ တည်ဆောက်ခဲ့သည့်စိန့်ပီတာ ဘုရားကျောင်းကိုလည်း သွားရောက်လေ့လာနိုင်ပြီး ဆိပ်ကမ်းတစ်လျှောက် လေညင်းခံကာ ဘဝ၏ အငွေ့အသက်များ အကြောင်းကို ပုံဖော်ကြည့်နိုင်သည်။

ပုသိမ်မြို့သည် ထီးရွက်ပေါ်တွင် ရေးချယ်ထားသော အနုစိတ်လက်ရေး ပန်းချီဒီဇိုင်းပုံစံများ ပါဝင်သည့်ပုသိမ်ထီးကြောင့် နာမည်ကျော်လာခဲ့ပြီး အလုပ်ရုံပေါင်းများစွာကိုလည်း ဝင်ရောက်လေ့လာ နိုင်မှာဖြစ်သည်။ လက်မှုအနုပညာတစ်ခုဖြင့် ပုံဖော်ထားသည့် ပုသိမ်ထီးစျေးနှုန်းမှာသက်သာသည့် အတွက်မြန်မာနိုင်ငံ၏ အမှတ်တရလက်ဆောင်တစ်ခုအဖြစ် သင်နှင့်အတူ တစ်ပါတည်း ခေါ်ဆောင်သွား သင့်သည်။မဟာဗန္ဓုလလမ်းပေါ်တွင်တည်ရှိသော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၏ ယဉ်ကျေးမှုပြတိုက် ကိုလည်း သင်သွားရောက် လေ့လာနိုင်ပြီး ဒေသ၏ရိုးရာလက်ရာများကိုတွေ့မြင်နိုင်မှာ ဖြစ်သည်။

လည်ပတ်စရာနေရာများ

မြို့တွင်းတစ်ခေါက်အလည်ရောက်

ပုသိမ်မြို့ရဲ့ မြို့အနေအထားသည် မကြီးသော်လည်း ဒေသခံများ၏ ရိုးရှင်းသည့် လူနေမှု ဘဝပုံစံတွေကို တွေ့မြင်နိုင်ရန်အတွက် မြို့အတွင်းလမ်းလျှောက် လေ့လာနိုင်သည်။ ၎င်း၏ ကိုလိုနီခေတ်သမိုင်းကြောင်းကြောင့် ဤမြို့မှာ ရှေးခေတ်အဆောက်အဦးများစွာရှိပြီး ၁၈၇၉ ခုနှစ်က တည်ဆောက်ခဲ့သည့်ကျောင်း၊စာတိုက်နှင့်အကျဉ်းထောင်များကိုပါ တွေ့မြင်နိုင်သည်။

မော်တင်စွန်းဘုရား

ဗုဒ္ဓဘာသာကို အဓိကထားကိုးကွယ်သည့် ပုသိမ်မြို့၏ ကမ်းခြေဘေးရှိ တောင်ထိပ်တွင် မော်တင်စွန်းဘုရားကိုပုသိမ်မြို့မှ၅နာရီမှ၆နာရီအထိသွားရသည့် မော်တင်မြို့တွင် တည်ထားကိုးကွယ် ထားသည်။ ထိုနေရာသည် အိန္ဒိယသမုဒ္ဒရာကိုဖြတ်ပြီး  မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာ ၀င်ရောက် လာသည့်နေရာဖြစ်ပြီး စေတီတော်သည် ပင်လယ်ထဲသို့ခုန်ထွက်တော့မည့်ဟန်နဲ့ တည်ရှိနေပြီး နှစ်စဉ် မတ်လရောက်တိုင်း မော်တင်စွန်းဘုရားပွဲတော်ကို ကျင်းပလေ့ ရှိသည်။

စက်တော်ရာဘုရား

ပုသိမ်မြို့ရှိ တောင်ကုန်းစိမ်းမြမြပေါ်တွင် အရှေ့တောင်အာရှတစ်လွှား၌ ကျော်ကြားလှသော ဗုဒ္ဓ၏ ခြေရာတော်ကို ဂူထဲတွင် တည်ထားကိုးကွယ်ထားပါတယ်။

စိန့်ပီတာဘုရားကျောင်း

၁၈၇၂ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့သည့် ဤကက်သလစ်ဘုရားကျောင်းသည် ပညာရေး ဆိုင်ရာ အဖွဲ့အစည်း တစ်ခုလည်းဖြစ်သည်။ နေ့စဉ် နံနက် ၆ နာရီနှင့် တနင်္ဂနွေနေ့ ညနေ ၄ နာရီတွင် ဘုရားကျောင်းသို့ လာရောက်ဝတ်ပြုသူများနှင့် စည်ကားနေတာကို တွေ့မြင်နိုင်မှာ ဖြစ်သည်။

Popular in Ayeyarwaddy Region

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED