Skip to content

လှေများကို

ခြေဖြင့်လှော်ခတ်သူများ

နောက်ခံသမိုင်းကြောင်း

အင်းလေးကန်သည် မြန်မာနိုင်ငံ၏ အလှပဆုံးနေရာများထဲမှတစ်ခုအပါအဝင်ဖြစ်ပြီး အင်းသားများ၏ ခြေဖြင့်ကျွမ်းကျွမ်းကျင်ကျင်လှေလှော်ခတ်မှုနှင့် ထုချွန်ပုံ ပိုက်ကွန်ကိုအသုံးပြုကာ ငါးဖမ်းသောအလေ့အထများကြောင့် စိတ်ဝင်စားသောနေရာတစ်ခုဖြစ်ပါသည်။ အင်းသားတို့သည် ငါးဖမ်းသည့်အခါ ခြေထောက်တစ်ဖက်ကို လှော်ခတ်ရာတွင်သုံးပြီး ပိုက်ကွန်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ငါးဖမ်းလေ့ရှိပါသည်။ အင်းသားများသည် ငယ်စဉ်ကတည်းက ထူးခြားသော ငါးဖမ်းစွမ်းရည်ရှိကြပြီး ငါးဖမ်း၍ အသက်မွေးဝမ်းကြောင်းပြုကြပါသည်။ ထို့ကြောင့် ညနေ ဆည်းဆာအချိန်၌ အင်းလေးကန်ကိုသွားပါက ဒေသခံအင်းသားများ၏ နေ့စဉ်ဘဝကိုတွေ့နိုင် ပါသည်။

လှေကို ခြေဖြင့်လှော်ခတ်သည့် အစဉ်အလာကို မပျောက်ပျက်စေရန် သီတင်းကျွတ်လ (စက်တင်ဘာလမှ အောက်တိုဘာလထိ) တွင် ဖောင်တော်ဦးဘုရားပွဲတော်ဖြစ်သော  လှေလှော် ပြိုင်ပွဲကို နှစ်စဉ် ကျင်းပကြပါသည်။ အင်းလေးကန်၏ အနီးတဝိုက်တွင်ရှိသော ကျေးရွာများ မှလည်း လှေလှော်ပွဲသို့ လာရောက်ဆင်နွှဲကြပါသည်။ မြန်မာနိုင်ငံကိုအလည်အပတ်လာသည့်အခါ ရှမ်းပြည်နယ်၏ ထူးခြားသော အတွေ့အကြုံများကို ခံစားနိုင်ရန် ဖောင်တော်ဦးဘုရားပွဲတော်သို့ လာရောက်ပါရန် ဖိတ်ခေါ်အပ်ပါသည်။

Popular in Myanmar

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED