မြန်မာနိုင်ငံသည် ကွဲပြားခြားနားသော ယဉ်ကျေးမှုများဖြင့် ကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ် သည်။ ခရီးသွားဧည့်သည်များအနေဖြင့် ယဉ်ကျေးမှုနဲ့ပတ်သက်သော အတွေ့အကြုံကောင်းများ ခံစားကြည့်လိုပါက မြန်မာနိုင်ငံသည် ခရီးသွားဧည့်သည်များကို ပျော်ရွှင်စေရန် ကတိပြုပါသည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစု (၁၃၅) မျိုးရှိပြီး၊ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်း စဉ်လာများကွဲပြားကြသည်။ အစားအစာ၊ ဝတ်စားဆင်ယဉ်မှု၊ ကိုးကွယ် ယုံကြည်မှု၊ အလုပ်အကိုင်နှင့် အခြားသောအရာများပေါ်တွင်မူတည်၍ကွဲပြားခြားနားကြသည်။ ခရီးသွားဧည့်သည်များအား မတူကွဲ ပြားသော မြန်မာ့ရိုးရာဓလေ့များကို လာရောက်ခံစားရန် ကြိုဆိုပါသည်။
ကျွန်ုပ်တို့မြန်မာနိုင်ငံ၏ ဓလေ့ရိုးရာတစ်စိတ်တစ်ဒေသကို လာရောက်ကြည့်လှည့်ပါ၊ ကျွန်ုပ်တို့ ဆက်ဆံရေးကို ခိုင်မြဲအောင် ဖန်တီးကြပါစို့။
လူသိများသော အနုပညာများနှင့် လက်မှုပညာများ
ပန်းချီ
ပန်းချီဆိုသည်မှာ သက်ရှိသတ္တဝါများနှင့်အရောင်အမျိုးမျိုးကို သုံး၍ သက်မဲ့အရာဝတ္ထုများကို သရုပ်ဖော်သည့် အနုပညာကို ရည်ညွှန်းသည်။ ပန်းချီအနုပညာရှင်များသည် လူသားများ၊ တိရိစ္ဆာန် များ၊ အရာဝတ္ထုများ ၊ရှုခင်းဒီဇိုင်းများ၊ ကာတွန်းများနှင့် လူပုံပန်းချီများ ကို ရေးဆွဲချယ်သကြသည်။ ပန်းချီပညာသည် ပုဂံခေတ်၊ ဗုဒ္ဓဘာသာ ထွန်းကားလွှမ်းမိုးစဉ်က ဆင်းသက်လာခြင်းဖြစ်သည်။ ထို့ကြောင့် ခရီးသွားဧည့်သည်များအနေဖြင့် ပန်းချီလက်ရာများကို အမှန်တကယ် လေ့လာစူးစမ်း လိုပါက ပုဂံမြို့ရှိ ရှေးဟောင်းရိုးရာယဉ်ကျေးမှု လက်ရာများနှင့် ခရစ်နှစ် (၁၁) ရာစု၏ ပန်းချီလက်ရာများကို သွားရောက်လေ့လာသင့်ပါသည်။ ပုဂံမြို့ရှိ နံရံဆေးရေးပန်းချီရုပ်ကြွများသည် အကောင်းဆုံးပန်းချီလက်ရာများကိုကိုယ်စားပြုသည်။ ကုန်းဘောင်ခေတ်၏ ပန်းချီလက်ရာများသည် သက်ဝင်လှုပ်ရှားမှုရှိကာ အရောင်အသွေးစုံလင်လှပြီး အထူးသဖြင့် မန္တလေး မဟာမြတ်မုနိဘုရား တွင် ရတနာပုံခေတ်လက်ရာ နံရံဆေးရေးပန်းချီများကို တွေ့မြင်နိုင်သည်။
ပန်းပု
ပန်းပုဆိုသည်မှာ သစ်သားမှ ပန်းပုံစံနှင့် အခြားပုံံစံဒီဇိုင်းများစွာကို ပုံဖော်ထုဆစ်သော အနုပညာပင်ဖြစ်သည်။ မြန်မာ့လက်မှုပညာရှင်များသည် အရိုး၊ ကျောက်စိမ်း၊ ကျောက်တုံးနှင့် အထူးသဖြင့်သစ်သားတို့ပေါ်တွင် ထွင်းထုခြင်းပညာတွင် အလွန်ကျွမ်းကျင်ကြသည်။ ၎င်းတို့သည် လူနေထိုင်မှုဘဝ၊ တိရစ္ဆာန်များနှင့် ပန်းမန်အလှအပ ပုံစံဒီဇိုင်းများကို မည်သည့် ပစ္စည်းပေါ်တွင်မဆို ထွင်းထုပုံဖော်နိုင်ကြသည်။ အထူးသဖြင့် သစ်သားပေါ်တွင် ဗုဒ္ဓရုပ်ပွားတော်ပုံများ(သို့) ပုံစံမျိုးစုံ ကျွမ်းကျင်စွာထုဆစ်နိုင်စွမ်းလည်းရှိကြသည်။ ရတနာပုံခေတ်၏ ပန်းပု အနုပညာလက်ရာများ ကို လေ့လာလိုပါက မန္တလေးရှိ ရွှေအင်ပင်ဘုန်းကြီးကျောင်း နှင့် အင်းဝရှိ ဗားကရာ ဘုန်းကြီးကျောင်းတို့ လေ့လာနိုင်ပါသည်။ ပုဂံခေတ်က သစ်သားပန်းပုများကိုမူ ညောင်ဉီးမြို့ရှိ ရှေးဟောင်း ရွှေစည်းခုံ စေတီတွင် လေ့လာနိုင်သည်။
ပန်းယွန်း
ပန်းယွန်းဆိုသည်မှာ ဝါး၊ သစ်သားနှင့် သစ်စေးတို့ဖြင့် လက်မှုပစ္စည်းများ ထုတ်လုပ်သော အနုပညာတစ်ရပ်ဖြစ်သည်။ “ယွန်းထည်”ကို “ယွန်း”ဟု လူသိများပြီး သဘာဝအော်ဂဲနစ်ကို အသုံး ပြုပြီးအံဆွဲတစ်ခုမှ ဘူးတစ်လုံးအထိ အလှဆင်သည့်နေရာတွင် အသုံးပြုသည်။ ပစ္စည်းအပိုင်းအစ လေးများတစ်ခုချင်းမှ အချိန်တစ်ခုအတွင် ပြီးစီးနိုင်ရေးမှာ အချိန်ကိုအကျိုးရှိစွာ အသုံးချမှု နှင့်ကျွမ်း ကျင်မှုအပေါ်တွင်မူတည်သည်။ယွန်းထည်ပစ္စည်းတစ်ခုရရှိရေးအတွက် ဝါးနှင့်သစ်သားကို ပထမဆုံး အသုံးပြုရသည်။ ထို့နောက် အသေးစိတ်လုပ်ငန်းစဉ်များ ပြီးစီးပါက မြေပြင်ပေါ်တွင်( ၁၀) ရက်ခန့် အခြောက်ခံထားရသည်။ အသေးစိတ်လုပ်ငန်းစဉ်တွင် နှီးများ၊ သစ်စေး၊ ရွှံ့စေးနှင့်ပြာ တို့အား သေချာမွမ်းမံပုံဖော်ပြီး နောက်ဆုံးတွင် ရရှိလာသော ယွန်းထည် အကြမ်းအား အချော သတ်ရမည်။ ထို့နောက် ဒီဇိုင်းပုံစံများကိုစက်(သို့)လက်ဖြင့် ပုံဖော်သည်။ မြန်မာ့ရိုးရာ ယွန်းထည်များ ကို ထူးခြားသော အရောင်များဖြင့် ချယ်သထားပြီး ဗုဒ္ဓမြတ်စွာဘုရား၏ လွန်လေပြီးသောဘဝ ဖြစ်စဉ် များ၊ဇာတကပုံပြင်များမှမြင်ကွင်းများအားထည့်သွင်းရေးချယ်ထားသည်။ ပုဂံသည် လက်မှုပညာတို့ ၏ အဓိကနေရာဖြစ်ပြီး ယွန်းထည်လက်မှုပညာရှင်များသည် များသောအားဖြင့် သပိတ် (ဘုန်းကြီးများအတွက်) ၊ အစားအသောက်ထည့်သည့်ပန်းကန်လုံး၊ ရေနွေးကြမ်းခွက်၊ လက်ဖက်အုပ်၊ ရေခွက်၊ မြန်မာ့ရိုးရာ ကွမ်းအစ်( အထူးသဖြင့် မြန်မာအိမ်များတွင် ဧည့်သည်များကို ဧည့်ခံရာတွင် အသုံးပြုရန်)၊ဆေးလိပ်ခွက်စသည်တို့ကိုထုတ်လုပ်ကြသည်။ ပန်းယွန်းလုပ်ငန်းအား အခြားအနု ပညာရှုထောင့်က ကြည့်ပါက ယွန်းထည်ပစ္စည်းများသည် မြန်မာ့လူနေထိုင်မှု အဆင့်အတန်း၏ တစိတ်တပိုင်းဖြစ်ကြောင်းတွေ့ရှိရသည်။
ပန်းပဲ
ကမ္ဘာ၏အနုပညာဆိုင်ရာအံ့ဖွယ်များထဲမှအစိတ်အပိုင်းတစ်ခုဖြစ်သော ပန်းပဲပညာသည်မီးဖိုမှ အပူကိုအသုံးပြု၍သံထည်ပစ္စည်းအမျိုးမျိုးကို လိုသလိုဖန်တီးရသည့် အတတ်ပညာတစ်မျိုးဖြစ်သည်။ ပန်းပဲပညာတွင် နွားလှည်းတွင် အသုံးပြုသော သံဝင်ရိုး၊ ရော်ဘာ၊ တူ၊ ပုဆိန်၊ ဓါးအမျိုးမျိုး၊ဓါးရှည်၊ ပေါက်တူး၊ပေါက်ချွန်းနှင့်ကတ်ကြေးတို့ကို ထုတ်လုပ်သည်။ အေဒီ(၈)ရာစုအလယ် ပုဂံခေတ်၊ အင်းဝခေတ် နှင့်ရတနာပုံခေတ်အလယ်ပိုင်းကာလအတွင်း တိုင်းပြည် ၏ သတ္တုစက်မှုလုပ်ငန်းများ စတင်ခဲ့ကြသည်။ ပန်းပဲလုပ်ငန်းကို စိတ်ဝင်စားပါက အင်းလေးဒေသတွင် သွားရောက် လေ့လာနိုင်သည်။ သင့်၏ခရီးစဉ်ကို အမှတ်တရဖြစ်နေစေရန် အမှတ်တရပစ္စည်းများ ဝယ်ရန် မမေ့ဖို့ တိုက်တွန်းအပ်ပါသည်။
ပန်းပွတ်
ပန်းပွတ်ဆိုသည်မှာ သစ်သားကို မိမိတို့လိုရာ ချောမွတ်အောင်ပွတ်ပြီးမွမ်းမံရသည် အနုပညာ တစ်မျိုးဖြစ်သည်။ပန်းပွတ်ထုတ်ကုန်များမှာကိုထီးရိုး၊စားပွဲခြေထောက်များ၊ ကုတင် ခြေထောက်များ၊ လက်ရန်း၊ အဆောက်အဦ တည်ဆောက်ရာတွင် အသုံးပြုသောပစ္စည်းများ နှင့် ရထားလမ်းတို့တွင် ထည့်သွင်းအသုံးပြု ကြသည်။ ပန်းပွတ်ပညာသည် အင်းဝနှင့် ရတနာပုံခေတ်၊ အေဒီ(၈)ရာစု ခန့်က ပုဂံမြို့တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ဤ အနုပညာကိုအသုံးချပြီး ထုတ်လုပ်သည့် ထုတ်ကုန်အမျိုးမျိုး သည်အလွန်စိတ်ဝင်စားစရာကောင်းသည့်အပြင်ယခင်ဖော်ပြခဲ့သည့်ပစ္စည်းများအပြင် အစားအစာဘူး များ၊သေတ္တာများ၊ ဖလားများ၊ စားပွဲများနှင့် ထိုင်ခုံများ ပါဝင်ကြသည်။၎င်းပစ္စည်းများသည်အလွန် ဆွဲဆောင်မှုရှိပြီးပန်းပွတ်အနုပညာသည် မွန်ယဉ်ကျေးမှုအကြီးမား ဆုံး လွှမ်းမိုးမှုရှိခဲ့သည်။
ပန်းရံ
ပန်းရန်ဆိုသည်မှာ အုတ်များ၊ ကျောက်ခဲများနှင့် ကွန်ကရစ်များအသုံးပြု၍ အဆောက် အဦဆောက်လုပ်ခြင်းဖြစ်ပါသည်။ပန်းရန်သမားများသည်အိမ်များ၊ဘုရားများ၊တံတားများ နှင့်အခြား အရာများကိုဆောက်လုပ်ကြပါသည်။မြန်မာနိုင်ငံ၏ရိုးရာပန်းရန်လက်ရာလုပ်ငန်းများသည် ပုဂံဒေသ တစ်ဝိုက် ဘာသာရေး အဆောက်အဦများ၊ ရှေးဟောင်းအဆောက်အဦများကြောင့် လူသိများ ကျော်ကြားပါသည်။ ပုဂံခေတ်အချိန် နိုင်ငံ၏ ရိုးရာပန်းရန်လုပ်ငန်းသည် အခြားသမိုင်းဝင်ခေတ် များအကြား အကောင်းဆုံးတိုးတက်ခဲ့ပါသည်။ ပန်းရန်လုပ်သားများအနေဖြင့် အတက်ပညာ အင် အားများ၊ အလှအပများ၊ အသေးစိတ်အပြင်အဆင်များဖြင့် မွမ်းမံချယ်မွှန်းလေ့ရှိပါသည်။မြန်မာ့ ရိုးရာပန်းရန်လက်မှုပညာသည် သုဝဏဘူမိဒေသ၊ မွန်လူမျိုးများ၏ရိုးရာယဉ်ကျေးမှုမှ ဆင်းသက် လာပါသည်။မြန်မာလူမျိုးများ၏ပန်းရန်လက်ရာများသည်အေဒီပထမရာစု၏ပျူခေတ် ကာလအတွင်း ပထမဆုံးစတင်ခဲ့ပါသည်။
ပန်းတော့
ဤအနုပညာသည်အင်္ဂတေသရွတ်များဖြင့် ဖောင်းကြွတန်ဆာဆင်ပြုလုပ်ရသော အနု ပညာ ဖြစ်သည်။လက်မှုပညာရှင်အနေဖြင့် အင်္ဂတေသရွတ်များဖြင့် ခြင်္သေ့လက်ချောင်းများ၊ နဂါးများ၊ ပန်းပုံစံဒီဇိုင်းများပုံဖော်ဖြတ်တောက်ပြုလုပ်ခြင်းဖြစ်ပါသည်။ ပုဂံခေတ်မတိုင်မှီကတည်းက မြန်မာ့ ရိုးရာအင်္ဂတေသရွတ်များဖြင့်ဖောင်းကြွတန်ဆာဆင်ပြုလုပ်ခြင်းပညာများထွန်းကားခဲ့ပြီး ပုဂံ ခေတ်၊ အမရပူရခေတ်၊ ရတနာပုံခေတ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်အလှဆင်ခဲ့ကြပါသည်။ သမိုင်း အထောက်အထားများအရ ၎င်းပညာရပ်များသည် ပုဂံခေတ်တွင် ထင်ရှားကျော်ကြားခဲ့ပြီး အသေးစိတ်အလှဆင် ပုံဖော်မှုများရှိခဲ့ပါသည်။ ပုဂံခေတ်နောက်ပိုင်း ကုန်းဘောင်ခေတ်အလယ်(သို့) အမရပူရခေတ်တွင် မြင့်မြတ်ခမ်းနားသော မြန်မာ့ဟန်ပန်ကို ထင်ဟပ်စေသည့် အခင်းအကျင်းများ ရှိခဲ့ပါသည်။ကွေးနေသောသစ်ရွက်ပုံစံများ၊ အဖူးများသည် အလွန်လှပပြီး အင်းဝရှိ အုတ်ဖြင့်ဆောက် ထားသောဘုန်းကြီးကျောင်းများတွင် ထိုအနုပညာကိုလေ့လာနိုင်ပါသည်။ ကြီးမားသောအဆောက် အဦကြီးသည်ပင် ၎င်း၏အနုပညာကြီးမြတ်မှုများ ကိုဖော်ညွှန်းလျက်ရှိပါသည်။
ပန်းတမော့
ဤအနုပညာသည် ကျောက်ထွင်းခြင်းအနုပညာကို ရည်ညွှန်းသည်။ ကျောက်ဆစ်ပညာရှင် များသည်အဓိကအားဖြင့်ဘာသာရေးနှင့်သက်ဆိုင်သောအရာများကိုပြုလုပ်လေ့ရှိပြီး ဗုဒ္ဓရုပ်ပုံများနှင့် ကျောက်စာရေးထိုးခြင်းတို့ကို အဓိက ပြုလုပ်ကြသည်။ အခြားပုံစံများဖြစ်သည့် ဆင်၊ သမင်၊ ကျည်ပွေ့၊ ငရုတ်ဆုံနှင့် စားပွဲ စသည်တို့ကိုလည်း မှာယူခြင်းများရှိပါက ပြုလုပ်ပေးလေ့ရှိသည်။ ကျောက်ဆစ်လုပ်ငန်းသည်မြန်မာအနုပညာ၏ထူးခြားသောလက္ခဏာတစ်ခုဖြစ်ပြီး မြန်မာလူမျိုးတို့ ၏ ဂုဏ်ယူဖွယ်ရာ အနုပညာတစ်ခုအဖြစ် မှတ်ယူ နိုင်သည်။ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့များတွင် ကျောက်ဆစ်အလုပ်ရုံများရှိပြီးမန္တလေးမြို့မဟာမြတ်မုနိဘုရားရှိကျောက်ဆစ်လုပ်ငန်းမှာ အထင်ရှား ဆုံးဖြစ်သည်။မြတ်စွာဘုရား၏ဘဝဖြစ်စဉ်ကိုသရုပ်ဖော်ထားသော ကျောက်ဆစ်အနုပညာ လက်ရာ များကို ပုဂံမြို့ရှိ အာနန္ဒာဘုရား၏ ကျောက်ပြားများတွင် တွေ့မြင်နိုင်သည်။ မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီးဘုရားရှိဗုဒ္ဓဆင်းတုတော်သည်လည်းအလွန်ကောင်းမွန်သော ပန်းတမော့ လက်ရာ ၏ နမူနာဖြစ်သည်။
ပန်းတိမ်
ပန်းတိမ်သည် ရွှေ သို့မဟုတ် ငွေပစ္စည်းများ ပြုလုပ်သည့် လုပ်ငန်းတစ်ခုဖြစ်သည်။ ပန်းတိမ် ပညာရှင်များသည် အရက်သောက်သည့် ခွက်၊ ပန်းကန်လုံး၊ ဆုဖလား၊ ဒိုင်းနှင့် ခါးပတ်များ ပြုလုပ်ရာတွင် နာမည်ကျော်ကြားသည်။ ရွှေပန်းထိမ်သမားများသည် လက်ဝတ်ရတနာအမျိုးမျိုး ပြုလုပ်ရာတွင် ကျွမ်းကျင်ကြသည်။ ရွှေနှင့်ငွေတို့ဖြင့် အဆင်တန်ဆာ အမျိုးမျိုးကို ဖန်တီးခြင်းသည် မြန်မာ့ရိုးရာလက်မှုအနုပညာတွင် တစ်ခုအပါအဝင်ဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း ၁၂၀၀ က ငွေထည်များပြုလုပ်ခြင်းသည်မြန်မာတို့၏အဓိကလုပ်ငန်းတွင်တစိတ်တစ်ပိုင်းဖြစ်ခဲ့သည်။ တိုင်းပြည်အတွက် ဂုဏ်ယူစရာအမှန်ပင်ဖြစ်သည်။ နန်းတော်ရာဇဝင်များအရ အနော်ရထာမင်း နန်းစံစဉ် ဗုဒ္ဓ၏ ဓာတ်တော်မွေတော်များနှင့် ဗုဒ္ဓဘာသာကျမ်းဂန်သုံးခုကို မွန်မြို့တော် သုဝဏ္ဏဘူမိမှ ပုဂံသို့ ယူဆောင် လာခဲ့သည်။ ယင်းတို့နှင့်အတူ မွန်လက်မှုပညာရှင်များနှင့် ရွှေထည်၊ ငွေထည် ပြုလုပ်သည့် မွန်အနုပညာနှင့်လက်မှုပညာများလည်း လိုက်ပါလာခဲ့သည်။
ပန်းတဉ်း
ဤသည်မှာ ကြေးနီ၊ ကြေးနှင့် ကြေးဝါပစ္စည်းများ ထုတ်လုပ်သည့် အနုပညာလုပ်ငန်း ဖြစ်သည်။ လက်မှုပညာရှင်များသည် ယင်းပစ္စည်းများကို အသုံးပြု၍ သံဃာတော်များအတွက် တြိဂံပုံ ကြေးစည်နှင့် ကြေးဝါဖလားများ၊ ဘဲပုံစံရှိသော အလေးချိန်တုံးများ၊ လင်ဗန်းများ၊ ကြေးနီအိုးများ၊ ခွက်များ၊ ပန်းကန်လုံး၊ ပန်းကန်ပြား၊ လင်းကွင်းများ၊ ခေါင်းလောင်းများနှင့် ကြေးဝါမောင်းငယ်များကိုပြုလုပ်ကြသည်။မြန်မာ့ရိုးရာကြေးနီလက်မှုပညာသည် ပုဂံခေတ်မတိုင်မီ ကပေါ်ပေါက်ခဲ့ပြီး ပုဂံနှင့်အင်းဝခေတ်တို့တွင် တိုးတက်လာခဲ့သည်။ မြန်မာပြည်ရှိ ဘုရားစေတီ တိုင်းတွင် ကြေးစည်များရှိကြပြီး ကောင်းမှုကုသိုလ်များ ပြုလုပ်ပြီးသည့်အခါ ယင်းတို့ကို တီးလေ့ရှိကြသည်။ ၎င်းတို့သည် တြိဂံပုံသဏ္ဍာန်ဖြစ်ပြီး တီးခတ်သည့်အခါ လည်သွားပြီး ချိုလွင် သောအသံထွက်ပေါ်လာကာ အသံသည် ကျယ်ရာမှ တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ ထို့အပြင် ပန်းချီထွင်းထားသည့် ဆင်စွယ်များ သို့မဟုတ် သစ်သားဆင်ကိုယ်ထည်တို့တွင် ညစာစားပွဲများ၏အမှတ်သင်္ကေတအဖြစ်ချိတ်ဆွဲသောမောင်းများလည်းရှိသည်။ အရွယ်အစားအမျိုးမျိုးနှင့် ခေါင်းလောင်းပုံစံများသည် မြန်မာလူမျိုးတို့၏ သိသာထင်ရှားသော လက်ရာဒီဇိုင်း အမှတ် တရလက်ဆောင်ပစ္စည်းအဖြစ် လူကြိုက်များသည်။ ထို့အပြင် အလေးကဲ့သို့သော အခြားသတ္တု ပုံသွန်းများလည်းရှိသည်။
ရက်ကန်းအနုပညာ
ပိုးထည်နှင့် ချည်ထည် ရက်လုပ်ခြင်းလုပ်ငန်း
ပိုးထည်၊ ချည်ထည်ရက်လုပ်ခြင်းသည် အမရပူရနှင့် ပုဂံဒေသရှိ ဒေသခံများ၏ အဓိက အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုဖြစ်သည်။ ဝါဂွမ်းကိုများသောအားဖြင့် မြန်မာနိုင်ငံ အလယ် ပိုင်းတွင် အများဆုံးစိုက်ပျိုးကြသည်။ ပထမဦးစွာ လက်ဖြင့် လှည့်သောစက်ကို အသုံးပြုကာ ဝါဂွမ်းမှ ချည်မျှင်ထုတ်ယူပြီးနိုင်ငံတကာအဆင့်မီ သစ်သားရက်ကန်းစင်ပေါ်တွင် အထည်များ ရက်လုပ်သည်။ လွန်းရာကျော်ချည်သည် လှပသော ပိုးထည်ဒီဇိုင်းများ ရက်လုပ်ရာတွင် အသုံးပြုပြီး ပိုးထည်များကို အထူးအခမ်းအနားများတွင် ဝတ်ဆင်လေ့ရှိကြသည်။ လူသိများပြီး စိတ်ဝင်စားစရာကောင်းသော အိမ်တွင်းစက်မှုလုပ်ငန်းဖြစ်သောကြောင့် တွေ့ကြုံခံစားသင့်သော လုပ်ငန်းတစ်ခုဖြစ်ပါသည်။
အင်းလေးကန်ရှိ ကြာချည်ရက်လုပ်ခြင်းလုပ်ငန်း
အင်းလေးဒေသတွင် ထင်ရှားသော အရာတစ်ခုမှာ ကြာချည်ရက်လုပ်သည့်လုပ်ငန်းဖြစ်သည်။ ကြာချည်ရက်လုပ်ခြင်းသည် အင်းလေးကန်အနီးတွင် နေထိုင်ကြသော လူအများအတွက် အဓိက အလုပ်တစ်ခုဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက အင်းလေးဒေသမှ အမျိုးသမီးများသည် ကြာပန်းများမှရရှိသည့်ချည်ကိုအသုံးပြု၍ အထည်အလိပ်များကို ရက်လုပ်ခဲ့ကြသည်။ ဤလုပ်ငန်းကို လုပ်ကိုင်သော ကျေးရွာများစွာအနက် ဖောကုန်းနှင့် ကျိုင်းခန်းကျေးရွာများသည် အကျော်ကြားဆုံး ဖြစ်သည်။ ဤလုပ်ငန်းများမည်သို့ပြုလုပ်သည်ကိုယင်းကျေးရွာများသို့ သွားရောက်လေ့လာနိုင်သည်။ လုပ်ငန်းတစ်ခုလုံးသည် အစမှအဆုံးအထိ အံ့သြဖွယ်ကောင်းသည်။ အမျိုးသမီးကြီးများသည် ကြာရိုးကို ဓားဖြင့် အပိုင်းလေးများဖြတ်၍ အမျှင်ထုတ်ယူကြသည်။ ထို့နောက် ချည်မျှင်ရရှိရန် ယင်းအမျှင်များကို ရေစွတ်၍ လက်ဖြင့်လှိမ့်ကြသည်။ ကြာချည်မျှင်များကို ရက်လုပ်ရာတွင် ကြာရှည်ခံရန်အတွက်အထက်ပါအတိုင်းထပ်ခါထပ်ခါ ပြုလုပ်ကြသည်။ လုပ်ငန်းအဆင့်အားလုံးသည် ညီတူညီမျှအရေးကြီးသောကြောင့်အလုပ်သမားများသည်အလွန်စိတ်ရှည်ရန်လိုအပ်သည်။ ဤလုပ် ငန်းသည် လုပ်သားအင်အား များစွာအသုံးပြုရပြီး ကြာပန်းချည်မျှင်ဖြင့် ထုတ်လုပ်သော အထည်အလိပ်များသည် ကမ္ဘာ့စျေးအကြီးဆုံးပစ္စည်းများဖြစ်သည်။ လက်ဆောင်ပေးရန်အတွက် အကောင်းဆုံး ပစ္စည်းများလည်း ဖြစ်သည်။
တေးဂီတဆိုင်ရာ တူရိယာများနှင့် ရိုးရာအက
အိုးစည်
အိုးစည်သည် ဒေါင်လိုက်ရှည်လျားပြီး မျက်နှာပြင်တစ်ဖက်တည်းပါရှိသော စည်ဖြစ်သည်။ ထိုမျက်နှာပြင်အပေါ်တွင်တင်းတင်းဆန့်ထားသောအမြှေးပါးတစ်ခုရှိသည်။ အိုးစည်၏ မျက်နှာပြင်ကို ဆန်နှင့်ပြာမှုန့်တို့ဖြင့် ကပ်ပြီး ပြုလုပ်ကာ အသံညှိထားသည်။ အဆိုပါစည်သည် သဘင်၏ အဓိက တူရိယာဖြစ်ပြီး အဖွဲ့လိုက် ကခုန်ရာတွင် တီးသည်။ အိုးစည်သည် မျက်နှာပြင်တစ်ဖက်တည်း ဖြစ်သော်လည်း ယင်းကို ပြီးပြည့်စုံသောဂီတသံ ထွက်ပေါ်စေရန် တီးခတ်ကြသည်။
ဒိုးပတ်
မျက်နှာပြင်နှစ်ဖက်ပါသော ဒိုးပတ်သည် ကျေးလက်ဒေသတွင် အကျော်ကြားဆုံး ဂီတ တူရိယာတစ်မျိုးဖြစ်သည်။ ဒိုးပတ်၏ မျက်နှာပြင်နှစ်ဖက်စလုံးကို တီးခတ်နိုင်သည်။ စည်၏ ဘယ်ဘက်ခြမ်းကို အမဘက်ဟုခေါ်ပြီး ဆန့်ကျင်ဘက်ကို အထီးဘက်ဟုခေါ်သည်။ အမဘက်ခြမ်းကို အခြေခံ(taya)နှင့်အထီးအခြမ်းကိုအဓိကကျသော(tayo)နှင့် အသံညှိထားသည်။ အမဘက်အခြမ်းက အသံညှိရန် ပိုလိုအပ်သည်။ ဒိုးပတ်ကို တက်ကြွရွှင်လန်းစွာ တီးခတ်ကြသည်။ တီးခတ်သူသည် စည်ကိုရိုက်ရန် လက်နှစ်ဖက်စလုံးကိုသုံး၍ လက်ဝဲလက်သည် အမဘက်သို့ တီး၍ ညာဘက် လက်သည် အထီးဘက်ကို တီးရသည်။ လက်ချောင်းများ၊ တစ်ခါတစ်ရံတံတောင်ဆစ်များကို အသုံးပြု၍ တီးခတ်ကြသည်။ ယင်းကို အများအားဖြင့် မြန်မာလယ်သမားများက စပါးရိတ်သိမ်းချိန် သို့မဟုတ် မိုးခေါ်ရန်အတွက် တီးကြသည်။ ဘုရားပွဲတော်များ၊ အလှူများနှင့် လမ်းဖောက်ရန် သို့မဟုတ် စပါးရိတ်ရန်အတွက်ရွာသားများ ထွက်လာသည့်အခါတွင်လည်း တီးကြသည်ကို မြင်တွေ့နိုင်သည်။
ပတ်မ
အဓိကစည် သို့မဟုတ် ပတ်မသည် ဆိုင်းဝိုင်း (မြန်မာ့သံစုံတီးဝိုင်း) ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ယင်းကိုသုံးချောင်းထောက်များပေါ်တွင်အလျားလိုက်တင်ထားသော ယက်မပေါ် တွင် ချိတ်ဆွဲလေ့ရှိသော်လည်း ယခုအခါ ရှည်လျားပြီး အဆစ်များပါသော ဝါးတောင့်ပေါ်တွင် နေရာချ ထားသည်။ အဆိုပါ ယက်မသည် ပဉ္စရူပ၏ အစိတ်အပိုင်းငါးမျိုး၊ ဒဏ္ဍာရီဆန်သော နဂါး၏ ဦးခေါင်း၊သမင်၏ဦးချို၊မြင်းခွာ၊ငှက်ကဲ့သို့သတ္တဝါ(ဂဠုန်)၏ အတောင်ပံများနှင့် ငါးကြင်း၏အမြီးတို့ ပါသည်ဟု ယူဆသည်။ ပတ်မ သည် လင်းကွင်းကြီးများနှင့်အတူ တီးခတ်သောအခါ အလိုက်ဖက်ဆုံး ဖြစ်သည်။ အဆိုပါအဖွဲ့၌ ပတ်မ တီးခတ်သူ ဂီတပညာရှင်သည် ဗုံအသေးလေးခြောက်ခုနှင့် အလယ်အလတ်အလျားလိုက်ရှိသော Sakhun တီးရန်အတွက်လည်း တာဝန်ရှိသည်။
စည်တော်
တော်ဝင်စည် သို့မဟုတ် စည်တော် ကို တော်ဝင်အခမ်းအနားများ၊ မင်္ဂလာပွဲများနှင့် ကျေးရွာများ၏ မင်္ဂလာရှိသည့် နိမိတ်လက္ခဏာများအတွက် တီးခတ်ကြသည်။ သမိုင်းကြောင်းအရ စည်တော်ကို နန်းတော်ထုံးတမ်းအစဉ်အလာများနှင့် တော်ဝင်အခမ်းအနားများတွင် တီးခတ်ခဲ့ ကြသည်။ ပရိသတ်များခန်းမထဲသို့ ဘုရင်နှင့် မိဖုရားတို့ ၀င်ထွက်ချိန်တွင်လည်းကောင်း၊ သို့မဟုတ် ကြီးကျယ်ခမ်းနားသောပြဇာတ် သို့မဟုတ် ရုပ်သေးပွဲများသို့ ဧကရာဇ်များတက်ရောက်ကြည့်ရှုသည့် အခါတွင်လည်းကောင်းစည်တော်ကိုတီးလေ့ရှိသည်။ လယ်ထွန်ခြင်းအခမ်းအနားများ၊ တိုင်းခန်း လှည့်လည် ခြင်း၊ လွှတ်တော်အစည်းအဝေး၏ အစနှင့်အဆုံးကို အထိမ်းအမှတ်အခမ်းအနားများ ပြုလုပ်ခြင်း တို့တွင်လည်းစည်တော်ကိုတီးကြသည်။လက်ဆောင်ပေးသည့်အခမ်းအနားများကိုလည်း စည်တော် ကို အသုံးပြုခြင်းအားဖြင့် ကျင်းပခဲ့ပြီး သင်္ကြန်ရေပွဲတော်၏ အစဖြစ်ခဲ့သည်။
ပတ်ဝိုင်း
မြန်မာ့တေးဂီတအဖွဲ့၏ အလယ်တွင် စက်ဝိုင်းပုံသဏ္ဍာန် ချိတ်ဆွဲထားသောတူရိယာများ “ဆိုင်းဝိုင်း”ကို ပတ်ဝိုင်းဟုခေါ်သည်။ ဤတူရိယာတွင် အမြင့် (၁၃) စင်တီမီတာမှ (၄၁) စင်တီ မီတာ ရှိသော(အစဉ်အလာအရ) ဗုံ (၁၉) ခု၊ (၁၉၂၀ နောက်ပိုင်းတွင်) ဗုံ (၂၁) ခုကို စက်ဝိုင်း ပုံသဏ္ဍာန် သစ်သားစင်တွင် ချိတ်ဆွဲထားပြီး အလယ်တွင် ဆိုင်းဝိုင်းတီးသူရှိသည်။ အရှေ့တောင် အာရှဂီတ၏ စိတ်၀င်စားဖွယ် အကောင်းဆုံးအရာတစ်ခုမှာ တုတ်ဖြင့် တီးခတ်ရသော တူရိယာများ၊ ဗုံများ၊ မောင်းများနှင့်ပတ္တလားတို့ဖြစ်သည်။ ပတ်ဝိုင်းရှိ ဗုံများကို ဆန်နှင့်ပြာမှုန့်ရောထားသော အနှစ် “ပတ်စာ”များကိုဖြည့်ခြင်းဖြင့်အသံညှိနိုင်သည်။ ပတ်စာများလေလေဗုံသံတိုးလေလေဖြစ်သည်။ ပတ်ဝိုင်းတီးသူကို“ဆိုင်းဆရာ”ဟု လူသိများသည်။ ဆိုလိုသည်မှာ ထိုသူသည် မြန်မာ့ဆိုင်းဝိုင်း၏ အဓိကဦးဆောင်သူဖြစ်ပြီး တေးဂီတအဖွဲ့ကို ညွှန်ကြားသူ “ဆိုင်းဝိုင်း၏ဆရာ” ဖြစ်သည်။
ကြေးစည်
ကြေးစည်ကို တြိဂံပုံသဏ္ဍာန်အပြားခတ်ထာသော တူရိယာတစ်ခုဖြစ်ကာ ကြေးဝါဖြင့်ပြုလုပ် ထားပြီး ပွဲလန်းသဘင် အခမ်းအနားအမျိုးမျိုးတို့တွင် ပုံစံ၊ အရွယ်အစားမျိုးစုံဖြင့် အသုံးပြုကြသည်။ ကြေးစည် ကို ဘုရားကျောင်းကန်များတွင်တွေ့မြင်နိုင်ပြီး သံဃာတော်များ မနက်အာရုဏ်ဆွမ်းခံကြွရာ တွင်လည်း ကြေးစည်တီး၍ အလှူရှင်များအားနှိုးဆော်ရန်ကြပါသည်။ အရိုးတံ တပ်ထားသော သစ်သား ဆောက်ပုတ်ဖြင့် ကြေးစည်၏ ထောင့်စွန်းတစ်ဖက်ဖက်ကို တီးခတ်လျှင် ကြိုးဖြင့် ဆိုင်းထားသော ကြေးစည် သည် လည်သွားယင်း သာယာငြိမ့်ညောင်းသော အသံကို ဝေ့၍ ဝေ့၍ ထွက်ပေါ်လာစေသည်။ သစ်သား ဆောက်ပုတ်၏ အရွယ်အစားနှင့် တီးခတ်သည့် နေရာကိုမူတည်ပြီး ထွက်ပေါ်လာသည့် ကြေးစည်သံက ပြောင်းလဲပါသည်။ ကြေးစည်သည် ၎င်း၏ချိုလွင်သာယာရှည်လျားသောအသံကြောင့် ထင်ရှားပါသည်။
စောင်း
မြန်မာ့စောင်းသည် အခြေခံအားဖြင့် ဗြတ်စောင်းနှင့် စောင်းကောက်ဟူ၍ အမျိုးအစား နှစ်မျိုးရှိပါသည်။ အသံအိုး ဒေါင်လိုက်ပုံသဏ္ဍာန်ရှိသော အနောက်တိုင်းစောင်း တူရိယာများနှင့်မတူပဲ မြန်မာ့စောင်း၏ အသံအိုးမှာအလျားလိုက်ကွေးလျက်ရှိပါသည်။ ကိုယ်ထည်ကို ရင်ခွင်တွင်ပိုက်လျက် ဘယ်ဘက်တွင် စောင်း၏အဖျားပိုင်းကိုထားပြီး ကြမ်းပြင်တွင်ထိုင်၍ တီးခတ်ရပါသည်။ တူရိယာ ကြိုးများကို ညာဘက်လက်ချောင်းများဖြင့် အပြင်ဘက်မှ တီးခတ်ရသည့် တူရိယာဖြစ်ပါသည်။ အသံကြည်လင်ပြတ် သားမှုရှိစေရန်နှင့် တေးသံစဉ်များထွက်ပေါ်လာစေရန်အတွက် တူရိယာကြိုး များကို ဘယ်ဘက်လက် ဖြင့် ဖိနှိပ်၍ တီးခတ်ပေးရသည်။ မြန်မာ့စောင်း၏ အဓိက အစိတ်အပိုင်းများမှာ ကိုယ်ထည်၊ သစ်ပင်၏ အမြစ်မှထိုးထွက်လာသော အကွေးပုံသဏ္ဏာန်းရှိသည့် ရှည်လျားကွေးညွတ်သော လည်ပင်း၊ ကိုယ်ထည်၏ ထိပ်ဘက်အလည်ပိုင်းမှ သွယ်ဆင်းလာသော ကြိုးတန်းတို့ဖြစ်ပါသည်။ စောင်းအိုး ၏ အပေါ်ပိုင်းကိုသမင်သားရေဖြင့် တင်းကျပ်စွာ စည်းထားပြီး အနီရောင်သစ်စေး ခပ်ထူထူ သုတ်လိမ်း ထားသော အဝိုင်းပုံစံ အသံထွက်ပေါက်ရှိပါသည်။ စောင်း၏ လည်ပင်းပိုင်းကို ညောင်ရွက်သဏ္ဍာန်ပုံဖော်၍ အလှဆင်ကာ အဆုံးသတ်ထားပါသည်။ စောင်း၏ ကိုယ်ထည်နှင့် အထိုင်ကို လချေး၊ မှန်၊ ရွှေချည်ငွေချည်၊ အနီနှင့်အနက်ရောင်သစ်ဆေးတို့ကို အသုံပြု၍ အလှဆင် စီခြယ်ထားပါသည်။ စောင်းကြိုးများကို ပိုး သို့မဟုတ် နိုင်လွန်ကြိုးများဖြင့် အသုံးပြုထားပါသည်။
နှဲ
မြန်မာတူရိယာတစ်မျိုးဖြစ်သော နှဲသည် ကျူရိုးဖြင့်ပြုလုပ်ထားပြီး အမျိုးမျိုးသော ထူးခြားသည့် ပုံသဏ္ဍာန်ရှိပါသည်။၎င်းတွင် ဗမာသံစဉ်တေးသွားများ ထွက်ပေါ်စေရန်အတွက် အကွာအဝေးညီဖောက် ထားသည့် လေပေါက်ခုနှစ်ပေါက်ပါရှိပါသည်။ နှဲကြီး နှင့် နှဲကလေးဟူ၍ နှစ်မျိုးရှိပြီး အသုံးပြုပုံကွဲပြား ပါသည်။ နှဲကြီးကို နရီအနှေးအတွက် အသုံးပြုပြီး နှဲကလေးကို ပျော်ရွင်မြူးကြွသော အခြေအနေများတွင် အသုံးပြုပါသည်။ နှဲကဲ့သို့ တီးမှုတ်ရသည့် ဝါးဖြင့်ပြု လုပ်ထားသည့် တူရိယာတစ်မျိုးဖြစ်သော ပလွေကို နှဲတူရိယာနှင့် တွဲဖက်၍ ပွဲလမ်းသဘင်များတွင် တစ်ခါတစ်ရံ အသုံးပြုကြပါသည်။
ပလွေ
ပလွေသည် မြန်မာနိုင်ငံရှိ လေမှုတ်တူရိယာထဲမှ တစ်မျိုးဖြစ်ပါသည်။ ပလွေကို ရှေးခေတ်မြန်မာများ လက်ထက်ကပင်အသုံးပြုခဲ့ပြီး ကြေးဝါ၊ သံ၊ သစ်သား၊ ထန်းသားတို့ဖြင့် ပြုလုပ်ထားသော ပုလွေများကို အသုံးပြုတီးမှုတ်ခဲ့ကြပါသည်။ ပလွေသည်လျှာခင်နှစ်ခုတပ်ထားသည့် အမြင့်သံစဉ်များ၊ စူးရှသောသံစဉ်များ အတွက် အသုံးပြုနိုင်သော လေမှုတ်တူရိယာဖြစ်ပါသည်။ မြန်မာပလွေတွင် ပလွေကြီးနှင့်ပလွေကလေးဟူ၍ နှစ်မျိုးရှိပါသည်။ ပုလွေကြီးက ပလွေကလေးထက် အနိမ့်သံပိုများသည်။ ပလွေကြီးကို မြန်မာနိုင်ငံ၌ ရှေးနှစ် ပေါင်းများစွာကပင် အသုံးပြုခဲ့ကြပြီး အေဒီ ၂၁၁ ခုနှစ်အစောပိုင်းကာလကပင် အသုံးပြုခဲ့ကြကြောင်း ပြောစ မှတ်ရှိခဲ့သည်။ အထူးသဖြင့် ဗျောစည်၊ ရေခင်း၊ နရီ၊ သပြေနှင့် ရတု စသည့်သံစဉ်များ တီးမှုတ်ရာတွင် ပုလွေကြီးကို အသုံးပြုပါသည်။ ပလွေအသေးကို မြန်မာနိုင်ငံ၌ သက္ကရာဇ် ၁၂၉၀-၁၃၀၀ ခုနှစ် များမှစ၍ ယနေ့အချိန်အထိ ကျယ်ပြောစွာ အသုံးပြုလျက်ရှိပါသည်။
ပတ္တလား
ပတ္တလားသည် အမြင့်သံ(တက်သံ)မှ အနိမ့်သံအထိ ဂီတသံများကို တီးခတ်နိုင်သည့် ဂီတတူရိယာ တစ်ခုဖြစ်ပါသည်။ ဝါးပတ္တလား၊ သံပတ္တလား၊ ကြေးပတ္တလားဟူ၍ အမျိုးမျိုးရှိပြီး ရှေးဟောင်းဂီတ တူရိယာများ ဖြစ်ကြသည်။ ရှေးဟောင်းပတ္တလားများတွင် အောက်ခြေ၌ အသံအိုးပါဝင်ပြီး ကီးခုနှစ်ခု ပါဝင်ကာ အဝတ်ပတ်ထားသော သစ်သားတုတ်နှစ်ခုဖြင့် တီးခတ်ရပါသည်။ ဝါးပတ္တလားတွင် တီခတ်သူ၏ ဘယ်ဘက်တွင် အနိမ့်ဆုံးအသံမှစ၍ ညာဘက်တွင် အမြင့်သံဆုံးအသံများအထိ ထွက်ပေါ်စေသည့် ဝါးဖြင့်ပြု လုပ်ထားသော အပြား ၂၄ ခုကို အသံအိုးအပေါ်တွင် အစီအရီထားရှိပါသည်။ ၎င်းပတ္တလားအပြားများကို စည်းဝါးတကျ အချိုးညီသော သံစဉ်များ၊ ၇ လုံးတွဲသံစဉ် ၃ခုနှစ်အထက်ထွက်ပေါ်လာစေရန် တုတ်နှစ်ချောင်း ဖြင့် တီးခတ်ရခြင်းဖြစ်သည်။
မြန်မာ့ရိုးရာအကများနှင့် ကျေးလက်ဓလေ့အကများ
အကသည် မြန်မာ့ယဉ်ကျေးမှု၏ ကိုယ်ပိုင်အစိတ်အပိုင်းတစ်ခုအဖြစ်အစဉ်အမြဲပါဝင်လျက်ရှိပါသည်။ ခန္တာကိုယ်၏လှုပ်ရှားမှု၊ စည်းချက်နှင့်အညီလှုပ်ရှားရ ကိုယ်နေဟန်ထားများသည် မြန်မာ့ရိုးရာ အကအလှ များ၏ ထူးခြားသော အသွင်အပြင်များဖြစ်ပါသည်။ မြို့ကြီးပြကြီးများရှိ အခမ်းအနားပွဲတော်များမှသည် စစ်ပွဲတစ်ပွဲ အစပြုသည်အထိ၊ တော်ဝင်အခမ်းအနားများအားလုံး၌ အကဖြင့်စ၍ အကဖြင့် အဆုံးသတ် ကြသည်။ ယနေ့အချိန်တွင် အကသည်နေ့စဉ်လူမှုဘဝ၏ အစိတ်အပိုင်းတစ်ခုအဖြစ် မင်္ဂလာဧည့်ခံပွဲများ၊ ဘုရားပွဲများ၊ ရှင်းပြုအလှူပွဲများတွင် အဓိက မပါမဖြစ်ပါဝင်လျက်ရှိပါသည်။ ဇာတ်သဘင်အကအလှများနှင့် သံစုံတီးဝိုင်းများက ကျေးလက်ဒေသဘုရားပွဲတော်များကို ပိုမို၍ စည်ကားသိုက်မြိုက်စေပါသည်။
မြန်မာ့ရိုးရာအက
မြန်မာ့ရိုးရာအကသည် နူးညံသိမ်မွေ့၌ပျော့ပျောင်းပြီး အသေးစိတ်အစီအစဉ်တကျ ပန်းအလှ သဏ္ဍာန်ရှိပါသည်။ မြန်မာ့ရိုးရာအကအလှ၏ ထူးခြားချက်မှာ ကကွက်တိုင်းသည် ပန်းပွင့်များပုံသဏ္ဍာန် ရေးဆွဲသကဲ့သို့ ရှိခြင်းကြောင့် ဖြစ်ပါသည်။ ကပြသူတစ်ယောက်သည် ပန်းတစ်ပွင့်ကို ကိုယ်စားပြုပါသည်။ ကပြသူ၏ ဦးခေါင်းသည် ပန်းပွင့်၏အလယ်အုံ၊ လက်များသည် သစ်ရွက်များ၊ ခန္ဓာကိုယ်သည် ပန်းပွင့်၏ ပင်စည်သဏ္ဍာန်းပုံဖော်ထားပါသည်။ လေပြေလေညှင်းကလေးများ တိုက်ခတ်သည့်အခါ ပန်းပွင့်လေး များသည် အသက်ဝင်လာပြီး သဘာဝနှင့်လိုက်လျောညီထွေစွာ ဘယ်ညာယိမ်းနွဲ့၍ ကခုန်နေဟန် ရှိပါသည်။ ထိုကဲ့သို့ သန့်ရှင်းစင်ကြယ်သော အမူအရာများသည် မြန်မာ့ရိုးရာအက၏ အဓိကအခြေခံ အုတ်မြစ်ပင် ဖြစ်ပါသည်။
ကျေးလက်ဓလေ့အက
ဒေသအမျိုးမျိုးနှင့် ရာသီဥတုအမျိုးမျိုးအပေါ် အခြေခံ၍ မြန်မာ့ကျေးလက်အကသည် လယ်ယာ လုပ်ငန်း လုပ်ကိုင်နေကြသော ကျေးလက်နေ တောင်သူများ အသိုက်အဝိုင်း၌ ခွဲခြား၍မရသော အစိတ်အပိုင်း တစ်ခုဖြစ်ပါသည်။ ကျေးလက်ရိုးရာအကများသည် အများအားဖြင့် နေ့စဉ်လူမူဘဝ လှုပ်ရှားမှုများကို ဖော်ကျူးထားသည့် သီချင်းစာသားများနှင့်အတူ လိုက်လျောညီထွေစွာ လှုပ်ရှားကပြရလေ့ရှိပါသည်။ လူသိများ ထင်ရှားသောအကမှာ ဦိးရွှေရိုးအက ဖြစ်ပါသည်။ ဦးရွှေရိုး ၏ ပုံမှာ လူကြီးလူကောင်းကဲသို့ ဝတ်စား ဆင်ယင်ထားပြီး နှုတ်ခမ်းမွေအရှည်တပ်ကာ၊ လက်တွင် ပုသိမ်ထီး တစ်ချောင်းကိုင်ကာ၊ လည်စည်း ကို လည်ပင်းတွင် ပတ်လျက် ပြောက်ကျားခေါင်းပေါင်း နှင့် တောင်ရှည်ပုဆိုးကွက်ကျားဝတ်၍ ကပြရသည်။ ကပြသည့်အခါ ဦးရွှေရိုး၏ မျက်နှာ အမှုအရာသည် ဆွဲဆောင်မှုရှိသော မိန်းမငယ်တစ်ဦးကို ရှာဖွေရာ တွေ့မြင်လိုက်ရ၍ ပိုးပန်းနေသည့် ပုံသဏ္ဍာန်သရုပ်ဆောင်ထားပါသည်။ သူ၏ လူကြိုက်များသော သရုပ်ဆောင်အမှုူအရာမှာ မိန်းမပျိုလေးကို တွေ့မြင်သွားသည့်အခါတွင် ဖြစ်ပေါ်လာသော ကို့ရိုကားယား အမှုအရာ ဖြစ်ပါသည်။
ခြင်းခတ်ခြင်း
ခြင်းခတ်ခြင်းသည် မြန်မာ့ရိုးရာအားကစားနည်းတစ်ခုဖြစ်သည့် ခြင်းခတ်ရာတွင် အသုံးပြုပြီး အားကစား နှင့် အကကို ပေါင်းစပ်ထားသည့် နည်းတစ်ခုဖြစ်ပါသည်။ ခြင်းခတ်သည့်ကစားနည်းသည် ယှဉ်ပြိုင်မှုမရှိသော ကစားနည်းတစ်မျိုးဖြစ်ပြီး ခြင်းဝိုင်းတစ်ဝိုင်းတွင် ပုံမှန်အားဖြင့် လူ ၆ ဦး ပါဝင်ကစားလေ့ ရှိကာ ပြိုင်ဘက်အသင်းများ မရှိပါ။ ယှဉ်ပြိုင်ကစားရသည့် ကစားနည်းမျိုးမဟုတ်သော်လည်း ကစားသမား တစ်ဦးစီတွင် ကျွမ်းကျင်မှုနှင့် အသင်းအဖွဲ့စိတ်ဓာတ်ရှိရန် အထူးလိုအပ်သော ကစားနည်းတစ်ခုဖြစ်ပါသည်။ ခြင်းခတ်ရာတွင် အသုံးပြုသည့် ခြင်းလုံးကို ကြိမ်ဖြင့် ယက်လုပ်ထားပါသည်။ ခြင်းလုံးကို ကစားသမား လက်ကိုအသုံးပြုခြင်းမရှိဘဲ ခြေထောက်ဖြင့် တစ်ဦးမှ တစ်ဦးသို့ ပေးပို့၍ စက်ဝိုင်းပုံစံ လှည့်ပတ် ကစားရခြင်းဖြစ်သည်။ ထိုသို့ကစားရာတွင် ခြင်းခတ်သူ ၆ ဦးအနက် တစ်ဦးက စက်ဝိုင်း၏ အလယ်ဗဟိုတွင်နေ၍ အဓိက ခြင်းလုံးကို ကစားပေးပြီး အခြားသူများက ၎င်းခြင်းခတ်ကစားရန်အတွက် ၎င်းထံသို့ ပေးပို့ပေးရသည်။ ကစားပွဲ၏ အဓိကအရေးပါသော အချက်မှာ ခြင်းလုံးကို မြေပြင်သို့ မကျစေဘဲ တတ်နိုင်သလောက် လေပေါ်တွင် ရှိနေစေရန် ဖြစ်ပါသည်။ ထိုသို့ကစားနေစဉ် မြန်မာ့ရိုးရာဆိုင်းဝိုင်းက ကစားသမားများ စိတ်အားထက်သန်စေသည့် သီချင်းသံစဉ်များကို တီးမုတ်ဖျော်ဖြေခြင်း၊ ခြင်းခတ်သူများ အကောင်းဆုံးကစားနိုင်ရန် ပရိတ်သတ်များက လက်ခုတ်ဩဘာများ ချီးမြောက်ခြင်းပြုကြသည်။ မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီးတွင် ဝါဆိုခြင်းလုံးပွဲတော်ကို ခြင်းခတ်ရုံအသေးအတွင်း၌ နှစ်စဉ် နှစ်တိုင် ဝါဆိုလပြည့်နေ့အထိ တစ်လလုံး ကျင်းပကြသည်။
မြန်မာ့ရိုးရာတက်တူးထိုးခြင်း
တက်တူး (သို့မဟုတ်) ပါးရဲ ထိုးထားသော အမျိုးသမီးများသည် မြန်မာနိုင်ငံ၏ အဓိက ဆွဲဆောင်မှု တစ်ခုဖြစ်ပါသည်။ မြန်မာတိုင်းရင်းသားလူမျိုးစုများ၌ အခြားသောလူမျိုးစုများနှင့်မတူညီ ကွဲပြားခြားနား သည့် ကိုယ်ပိုင်တက်တူးပုံစံ ရှိကြသည်။ မည်သူမျှ တက်တူးပုံစံများ၏ မူလဇစ်မြစ်ကို မသိကြသော်လည်း ယူဆချက်တစ်ခုအနေဖြင့် ရှေးနှစ်ပေါင်းများစွာက အမျိုးသမီးများကို အိမ်နီးခြင်းလူမျိုးစုများက ဖမ်းဆီးခြင်း သို့မဟုတ် ပြန်ပေးဆွဲခြင်း ပြုလုပ်သည့်အခါ အမှတ်အသားတစ်ခုအဖြစ် တက်တူးထိုးပေးခဲ့ကြကြောင်း အဆိုရှိပါသည်။ အခြားဒဏ္ဍာရီတစ်ခုတွင် မြန်မာဘုရင်၏ တော်ကောက်ခြင်းမှ ရှောင်လွဲနိုင်ရန်အတွက် အမျိုးသမီး၏ အလှအပကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးစေရန် တက်တူးများကို ထိုးပေးကြကြောင်း သိရသည်။ ၁၂ နှစ်သမီးအရွယ်တွက် တက်တူးထိုးပေးကြသည်။ တက်တူထိုးလျှက် ၃ ရက်နှင့်အထက် ကြာမြင့်သည်။ ဝါးချွန် သို့မဟုတ် ဆူးချွန်ကို တက်တူးထိုးသည့် အပ်များအဖြစ် အသုံးပြုကြသည်။ တက်တူးထိုးသည့် မှင်ကို နွားထီးသည်းခြေ၊ ကြပ်ခိုး၊ ဆေးဘက်ဝင်သစ်ပင်များနှင့် ဝက်ဆီများကို ရောနှော၍ မှင်အဖြစ် အသုံးပြု ကြသည်။ ချင်းအမျိုးသမီးများသည် တက်တူးထိုးထားသည့် မျက်နှာများကြောင့် ထင်ရှား ကျော်ကြားသည်။ မျက်နှာတွင် တက်တူးထိုးသည့် ရိုးရာဓလေ့များသည့် ပျောက်ကွယ်လုနီးရှိသော်လည်း ချင်းပြည်နယ်၊ တောင်ပိုင်း မင်းတပ်နှင့် ကန်ပက်လက်မြို့များတွင် ယနေ့တိုင် တွေ့မြင်နိုင်ပါသည်။
မြန်မာ့ရုပ်သေးများ
မြန်မာ့ရုပ်သေးများ
မြန်မာ့ရုပ်သေးများသည် မြန်မာလူထုကြား ရှေးခတ်ရိုးရာ လူ့အသုံးဆောင် ပစ္စည်းတစ်ခုအဖြစ် အမြတ်တနိုး ဂုဏ်ယူစွာ အသုံးပြုလျက်ရှိသည်။ သင့်အနေဖြင့် အချိန်အနည်းငယ်ယူပြီး လေ့လာကြည့်လျှင် မြန်မာ့ဇတ်ပွဲများ၌ ပျောက်ကွယ်သွားပြီးဖြစ်သော အရာတစ်ခုကို ရှာဖွေတွေ့နိုင်ပါသည်။ ရုပ်သေးရုပ်များ၌ ၎င်းတို့၏ ကိုယ်ပိုင်ဇရိုက်လက္ခဏာနှင့် ကိုယ်ပိုင်ဇတ်ကြောင်းများ ရှိကြသည်။ အဆိုပါ ရုပ်သေးရုပ်များသည် လက်မှုအနုပညာ ကြွယ်ဝစွာဖြင့် လှလှပပဖန်တီးထားသော ရုပ်သေးရုပ်များသည် မြန်မာနိုင်ငံ၏ ဆန်းကြယ်သော အမှတ်တရပစ္စည်းများ ဖြစ်ကြသည်။ ရုပ်သေးရုပ်များကို ၁၈ ရာစု ကာလအတွင်းကပင် မင်းခမ်းမင်းနားပွဲတော်များ၌ ရုပ်သေးပွဲများတွင် ကပြဖျော်ဖြေခဲ့ကြသည်။
ရုပ်သေးအက
မြန်မာ့ရုပ်သေးသဘင်တွင် ရှင်ဘုရင်၊ မိဘုရား၊ နန်းတွင်းသူ၊ နန်းတွင်းသား၊ မင်းညီမင်းသား၊ လူရွင်တော်နှင့် တိရစ္ဆာန်များ ဇတ်ရုပ် ပါဝင်သော အရုပ် ၂၈ ရုပ်ရှိပါသည်။ ဇတ်လမ်းဇတ်ကွက်များကို ငါးရာငါးဆယ်၊ ဇာတကနိပါတ်တော်များနှင့် ရာမယန ဇတ်များကို အသုံးပြုကြသည်။ ရုပ်သေးဆရာ များသည်လည်း အနုပညာမြောက်စွာ ဖျော်ဖြေနိုင်ရန်အတွက် တေးသီချင်းများ၊ စကားပြောများဖြင့် အဓိက ဖျော်ဖြေပေးရသည်။ ရုပ်သေးဇတ်ပွဲများသည် ပိုမိုရှားပါးလာပြီး ရုပ်သေး ဇတ်ရုံများသည် မြန်မာနိုင်ငံ အဝန်း၌ အနည်းငယ်မျှကျန်ရှိနေသေးသည်။ တိုက်ဆိုင်မှုရှိလျှင် မလွတ်တမ်း ကြည့်ရှုသင့်ပါသည်။