Skip to content

ဆူးလေစေတီတော်

သတိပြုရမည့်အချက်

လည်ပတ်ခွင့်ပြုချိန် – နံနက်(၀၄:၀၀)နာရီမှ ည(၁၀:၀၀)နာရီထိ
ဝင်ကြေး – တစ်ဦးလျှင် အမေရိကန်ဒေါ်လာ(၂)ဒေါ်လာ
ကြိုတင်သိထားသင့်သည့်အချက် – ရန်ကုန်မြို့၏အခြားအထင်ကရနေရာများဖြစ်သော ဧမာနွေလဘုရားကျောင်း၊ ရန်ကုန်မြို့တော်ခန်းမနှင့် တရားရုံးချုပ်တို့သည် ဆူးလေးဘုရား အနီးအနားတွင် တည်ရှိသောကြောင့်  လမ်းလျှောက်ပြီး ထိုအဆောက်အဦများ ဆွဲဆောင်မှုများ အားလုံးကိုလည်းခံစားနိုင်ပါသည်။

သွားရောက်နိုင်သည့်နည်းလမ်း

ဆူးလေဘုရားသည် မြို့လယ်ခေါင်တွင် တည်ရှိသောကြောင့် အများပြည်သူသွားလာရေး လွယ်ကူစွာ သွားလာနိုင်သည်။ ဆူးလေဘုရားသည် ရန်ကုန်မြို့၏ တစ်ခုတည်းသော အချက်အချာကျ စေတီဖြစ်ပြီး ဘာသာရေး အဓိပ္ပါယ်နှင့် အနုပညာအလှတရားတို့ ကိုင်ဆောင်ထားသည့် ရင်သပ်ရှုမောဖွယ် အဆောက် ဘာသာရေးအအုံကြီးဖြစ်သည်။

သမိုင်းကြောင်း

တင့်တယ်သပ္ပါယ်သော ဆူးလေစေတီတော်သည်ရန်ကုန်မြို့လယ်၌ တည်ရှိပြီး ကမ္ဘာလှည့် ခရီးသွားများအတွက် မဖြစ်မနေသွားရောက်လည်ပတ်သင့်သောနေရာတစ်ခုဖြစ်သည်။ စေတီတော် အား ၁၅၂ ပေမြင့်သော ရှစ်ထောင့်ပုံ ကိုယ်ထည်တို့ဖြင့် တည်ဆောက်ထားပြီး ဗြိတိသျှကိုလိုနီခေတ် ရန်ကုန်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေး အတွက်အသုံးပြုခဲ့ပါသည်။ ယနေ့ထက်တိုင် ဆူးလေစေတီတော် သည် ရန်ကုန်မြို့လယ်တွင်ရှိသော အထင်ကရနေရာတစ်ခုဖြစ်သည်။

လာရောက်လည်ပတ်ရန် အကောင်းဆုံးအချိန်

ဆူးလေစေတီတော်သို့ အချိန်မရွေးလာရောက်ဖူးမျှော်နိုင်ပါသည်။ နေ့ခင်းဘက်တွင် ရွှေရောင် အလင်းတန်းများတောက်ပနေသော်လည်း ညဘက်တွင် ဖူးမျှော်ရသည့် မြင်ကွင်းသည် အလွန် တင့်တယ် သပ္ပါယ်လှသည်။

PHOTO GALLERY

Video

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED