Skip to content

(၃)ညအိပ်ခရီးစဉ်

မန္တလေး

စိတ်ဝင်စားဖွယ်ရာများ

  • မြန်မာနိုင်ငံယဉ်ကျေးမှုမြို့တော်သို့သွားရောက်လည်ပတ်ခြင်း
  • အမရပူရမြို့သို့ နေ့ချင်းပြန်ခရီး စဉ်သွားရောက်ခြင်း
  • မြန်မာနိုင်ငံ၏ အထင်ရှားဆုံး ဘုရားစေတီပုထိုးများ

ပထမနေ့ - မန္တလေးမြို့သို့လည်ပတ်ခြင်း

ပထမနေ့ခရီးစဉ်တွင် မြန်မာ့ယဉ်ကျေးမှုမြို့တော် မန္တလေးသို့ လည်ပတ်ရာတွင် မဟာမုနိရုပ်ပွား တော်မြတ်၊ရွှေအင်းပင်ကျောင်းတိုက်၊ မန္တလေးနန်းတော်တို့ပါဝင်ရန် ဖြစ်ပါသည်။ ထို့အပြင်ရွှေနန်းတော် ကျောင်းတိုက်၊ အတုမရှိကျောင်းတော်တို့ကိုလည်း လည်ပတ်နိုင်မှာဖြစ်ပါသည်။ ရွှေနန်းတော် ကျောင်းတိုက်၊ အတုမရှိကျောင်းတော်တို့ကိုလည်း လည်ပတ်မှာဖြစ်ပါသည်။ ထိုမှတဆင့် မန္တလေး တောင်၊ ကုသိုလ်တော်ဘုရားနှင့် စန္ဒြာမုနိဘုရား၊ မန္တလေးတောင်ပေါ်မှ နေဝင်ဆည်းဆာအလှ ကြည့်ရှု့ ခြင်းတို့ခံစားနိုင်မှာ ဖြစ်ပါတယ်။

ဒုတိယနေ့ - အမရပူရမြို့ဟောင်းသို့လည်ပတ်ခြင်း

ဒုတိယနေ့ခရီးစဉ်မှာတော့ အမရပူရမြို့နဲ့ ပတ်ဝန်းကျင်ရှိ စိတ်ဝင်စားဖွယ် ခရီးသွားဆွဲဆောင်မှု များကို လည်ပတ်ကြည့်ရှု့ရမှာ ဖြစ်ပါသည်။ ဒီခရီးစဉ်အတွင်းမှာ ဗားကရာကျောင်းတိုက်၊ ကျောက် တော်ကြီးဘုရား၊ ဆုတောင်းပြည့်ကျောင်းတိုက်၊ ပုထိုးတော်ကြီးတို့ ပါဝင်မှာဖြစ်ပါသည်။ အထင်ကရ ခရီးသွားဆွဲဆောင်မှုများဖြစ်သည့် ကမ္ဘာ့အရှည်ဆုံး သစ်သားတံတားဖြစ်သည့် ဦးပိန်တံတားအပေါ် လမ်းလျှောက်ခြင်းသည် တစ်နေ့တာ ခရီးစဉ်ရဲ့ အဓိကဖြစ်ပြီး ညနေပိုင်းမှာ နေဝင်ဆည်းဆာအလှကို ကြည့်ရှု့နိုင်ပါသည်။ မန္တလေးမြို့တွင် ညအိပ်ရပ်နားမှာဖြစ်ပါသည်။

တတိယနေ့ - မင်းကွန်းသို့သွားရောက်လည်ပတ်ခြင်း

ယနေ့ခရီးစဉ်မှာ ဖယ်ရီ(သို့မဟုတ်)တက္ကစီဖြင့် မင်းကွန်းသို့သွားရောက်ပြီး မင်းကွန်းပုထိုး တော်ကြီးသို့ လည်ပတ်မှာပါ။ ဖယ်ရီက နံနက် (၉:၀၀)နာရီထွက်ရှိပါသည်။ မင်းကွန်းပုထိုးတော်ကြီးကို ၁၇၉၀ခုနှစ်က တည်ထောင်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် မင်းကွန်းခေါင်းလောင်းကို သွားရောက်လည်ပတ်နိုင်ပါသည်။ ထိုနေရာအနီးတွင် တစ်ဆူတည်း တည် ထားသော (ရှင်ဖြူမယ်) ဘုရားကိုလည်း လည်ပတ်နိုင်မှာပါ။

Popular in Mandalay Region

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED