Skip to content

၃ ရက်တာ ခရီးစဉ်

ဇွဲကပင်တောင်တက်ခြင်း

စိတ်ဝင်စားဖွယ်ရာများ

  • ဇွဲကပင်တောင်တက်ခရီးစဉ်မှ အမှတ်ရဖွယ်စွန့်စားခန်းများ
  • ဘားအံမြို့ရှိတောင်းတန်းများ၏အလှအပများ
  • ဘားအံမြို့ရှိ လိုဏ်ဂူများသို့ပျော်ရွင်စွာသွားရောက်လည်ပတ်ခြင်း

ပထမနေ့ – ဘားအံမြို့သို့ရောက်ရှိခြင်း

နေချင်စဖွယ်ကောင်းသော ဘာအံမြို့လေးကိုထုံးကျောက်လိုဏ်ဂူများ ချောက်ကမ်းပါးများ ဖြင့်ဝန်းရံထားပြီး ရန်ကုန်မြို့မှ (၆)နာရီခန့် မောင်းနှင်ရမည်ဖြစ်ပါသည်။ မြို့အနှံ့စိမ်းလန်းစိုပြေ သောသစ်တောများကြား လမ်လျှောက်အပန်းဖြေနိုင်ပါသည်။ ထို့အပြင် နံနက်ခင်းဈေးနှင့် ရွှေရင်မြော်ဘုရားသို့ သွားရောက်လည်ပတ်နိုင်ပါသည်။ နောက်တစ်နေ့မနက် ဇွဲကပင်တောင် သို့မတက်မီ ဤညနေခင်းတွင် ဇွဲကပင်တောင်ကြီးနှင့် နေဝင်ဆည်းဆာအလှအပကို ခံစားစေ လိုပါသည်။

ဒုတိယနေ့ – ဇွဲကပင်တောင်တက်ခြင်း

ခရီစဉ်၏ဒုတိယနေ့နံနက်စောစောတွင်ဇွဲကပင်တောင်တက်ကြပါမည်။ (၇၂၂) မီတာ အမြင့်ရှိသော တောင်တက်ခရီးစဉ်သည် ပျော်ရွှင်ဖွယ်ရာခရီးစဉ်တစ်ခုဖြစ် သကဲ့သို့ကိုယ်ကာယ ကြံ့ခိုင်ခြင်းအတွက်လည်း ကြီးမားသော စိန်ခေါ်မှုတစ်ရပ်လည်းဖြစ်သည့်အတွက် လုံလောက် သောကြံခိုင်မှုရှိရန်လိုအပ်ပါသည်။ ခရီးစဉ်တွင်ဇွဲကပင်တောင်၏ အံ့ဩဖွယ်သစ်ပင်ပန်းမန်များနှင့် တောတွင်းတိရိစ္ဆာန်များကိုကြည့်ရှုနိုင်လေ့လာနိုင်မည်ဖြစ်ပြီးတောတွင်းတောင်တက်ခြင်းအရသာ ကိုအပြည့်အဝ ခံစားရမည်ဖြစ်သည်။ ခရီးလမ်းတွင်တောင်ထိပ်ရှိ ဘုန်းကြီးကျောင်း တစ်ကျောင်း ကိုတွေ့ရမည်ဖြစ်သည်။ ညနေစောင်းတွင် မိမိတို့တည်းခိုရာသို့ပြန်လည်ထွက်ခွာ၍ အနားယူပါ မည်။

တတိယနေ့ – ဘားအံရှိ လှိုဏ်ဂူများသို့ သွားရောက်လည်ပတ်ခြင်း

ခရီစဉ်၏တတိယနေ့တွင် ဘားအံမြို့ရှိ ထင်ရှားသော လိုဏ်ဂူများသို့သွားရောက်လည်ပတ် မည်ဖြစ်ပါသည်။ ပထမဆုံးအနေဖြင့် ဆဒ္ဒန်ဂူသို့သွားရောက်မည်ဖြစ်ပြီး အဆိုပါဂူအတွင်း၌ ကြီးမားသောဗုဒ္ဓရုပ်ပွားတော်တစ်ဆူကိုတွေ့မြင်ရမည်ဖြစ်ပါသည်။ လင်းနို့ဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ ပျံဂူ၊ ဘုရင့်ညီဂူနှင့်ကော့ကသောင်းဂူများသို့လည်းသွားရောက်လည်ပတ်နိုင်ပါသည်။

Backpacking
ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED