Skip to content

မြန်မာရိုးရာ

ဝတ်စားဆင်ယင်မှု

လုံချည်ဝတ်ဆင်မှုသည် မြန်မာလူမျိုးများ၏ ကိုယ်ပိုင်ဟန်ဖြင့် ဝတ်စားဆင်ယင်မှုဖြစ်ပါ သည်။ မြန်မာနိုင်ငံ၏ စိုထိုင်းသောရာသီဥတုအရ ဝတ်စားဆင်ယင်လေ့ရှိသည်မှာ ရှည်လျားလုံခြုံသည့် အဝတ်အထည်များကို အမျိုးသား/အမျိုးသမီးများအနေဖြင့် ယဉ်ကျေးမှုအရဝတ်ဆင်ကြပါသည်။ အမျိုးသား များ ဝတ်ဆင် သောလုံချည်ကို “ပုဆိုး”ဟုခေါ်ပြီးအမျိုးသမီးများဝတ်ဆင်လှျင် “ထမိန်”ဟုခေါ်ပါသည်။ ပုဆိုးမှာ အစင်းကြားများ၊ အကွက်များဖြစ်ပြီး ပုဆိုးအတွင်း/အပြင် နှစ်ဖက်လှ ဝတ်ဆင်နိုင်ပါသည်။ ထမိန်မှာ အဆင်စုံ၊ အရောင်စုံဒီဇိုင်းများဖြစ်ပြီး၊ လုံချည်အဆင်ပုံစံများမှာ တိုင်းရင်းသားလူမျိုးများ အလိုက်ကွဲပြားခြားနားပါသည်။ ကချင်အမျိုးသမီးများသည် အနီရင့်ရောင်ကာလာကိုပုံဖော်ထားသော ဒီဇိုင်းစုံ၊ အရောင်စုံပါဝင်သည့် လုံချည်ကို ဝတ်ဆင်ကြပါသည်။ ဗမာလူမျိုးများသည် ချိတ်ဒီဇိုင်းဖြင့် တောက်ပပြောင်လက်သော ပိုးထည်လုံချည်များကို ဝတ်ဆင်ပြီး ကရင်လူမျိုးများသည် ရိုးရှင်းလှပသော ကန့်လန့်စင်းများပါသည့် လုံချည်ကိုဝတ်ဆင်ကြပါသည်။ ဝတ်စားဆင်ယင်မှုအတွက် စည်းကမ်းများ ရှိသော်လည်း အများလက်ခံ ဝတ်ဆင်လေ့ရှိသည့် အဝတ်အထည်များကို ဝတ်ဆင်ရန် အကြံပြုလိုပြီး သက်တောင့်သက်သာဖြစ်ရန် လိုအပ်ပါသည်။ 

အချို့သော ဘုရားစေတီပုထိုးများသို့ သွားရောက် ဖူးမြော်ရာ၌ ဝတ်စားဆင်ယင်မှု အတွက် ပြဌာန်းချက်များရှိသော်လည်း မသွားရောက်မီ ကြိုတင်၍ စိစစ် စေလိုပါသည်။ မလုံခြုံသော ဝတ်စားဆင်ယင်မှုများ ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ရန် အကြံပြုလိုပါသည်။  ဒူးခေါင်းထိရှည်လျားသော ဘောင်းဘီတိုများနှင့် စကတ်များ ဝတ်ဆင်ရန်နှင့် သက်တောင့်သက်သာ ရှိသော ခြေညှပ်ဖိနပ်များကို ဝတ်ဆင်ရန် အကြံပြုလိုပါသည်။ ပွယောင်းယောင်း ချည်ထည်များဝတ်ဆင် ခြင်းသည် ပူအိုက်စွတ်စိုမှုကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။     

မြန်မာဝတ်စုံများကို ဈေးများတွင် အလွယ်တကူတွေ့ရှိနိုင်ပါသည်။ ထို့ကြောင့် လုံချည်ဝတ်ဆင် ၍ မြန်မာ့ပတ်ဝန်းကျင်တွင် ရောနှောနေထိုင်သွားလာနိုင်ပြီး မမေ့နိုင်သော အတွေ့အကြုံဗဟုသုတများ ရယူရန် မြန်မာနိုင်ငံသို့ ခရီးစဉ်လာရောက်စေလိုပါသည်။

Popular in Myanmar