Skip to content

ရိုးရာယဉ်ကျေးမှုနှင့် သမိုင်းကြောင်းများ လေ့လာခြင်း

သမိုင်းအစဉ်အလာကြီးမားပြီး ရိုးရာယဉ်ကျေးမှုများစုံလင်သော မြန်မာနိုင်ငံသည် ခရီးသွားများကို အံ့ဩဖွယ်ရာ အတွေ့အကြုံသစ်များကိုပေးစွမ်းနိုင်ပါသည်။ ခေတ်အဆက်ဆက်၏ သမိုင်းကြောင်းအထောက်အထားများကို မြန်မာပြည်အနှံ့အပြားတွင် တွေ့မြင်လေ့လာနိုင်ပါသည်။ မြန်မာနိုင်ငံသည်မြောက်ဘက်တွင်ဟိမဝန္တာတောင်တန်းကြီးနှင့် တောင်ဘက်တွင်ပင်လယ်ပြင်များ စသည်ဖြင့် သဘာဝအလှတရားများဖြင့်လည်းပြည့်နှက်နေပါသည်။ ဘုရား၊ ကျောင်းကန်၊ စေတီ ပုထိုးများ၊ ပွဲတော်များ မှ တောတွင်း သားရဲတိရိစ္ဆာန်၊ ကျေးငှက်သာရကာများ အထိကြည့်ရှုစရာ အမျိုးအစားစုံလင်စွာ တည်ရှိနေသော မြန်မာနိုင်ငံသို့  တစ်ကြိမ်တစ်ခါ လာရောက်လည်ပတ်သင့် ပါသည်။

ပုဂံ - (၃)ရက်ခရီးစဉ်

ပုဂံမြို့နှင့် အနီးတစ်ဝိုက်တွင် လွန်ခဲ့သောရာစုနှစ်များစွာက လူသားများတည်ဆောက် ခဲ့သော သမိုင်းဝင်အဆောက်အဦများကို (၃)ရက်တာ လေ့လာပါမည်။

သမိုင်းဝင်အကြောင်းအရာများနှင့် (၈) ရက်ခရီးစဉ်

သမိုင်းကြောင်းများကိုစိတ်ပါဝင်စားသူများအတွက်မြန်မာနိုင်ငံသည်အကောင်းဆုံးလည်ပတ်စရာနေရာတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အထင်ရှားဆုံးသမိုင်းဝင်နေရာများကို (၈)ရက်တာကာလ ဖြင့်စုံလင်စွာ လေ့လာနိုင်မည့် ခရီးစဉ်ကိုဖော်ပြထားပါသည်။

အင်းလေးကန် - (၃)ရက်ခရီးစဉ်

သဘာဝအလှအပများနှင့် ရိုးရာယဉ်ကျေးမှုများစုဝေးရာ ရတနာသိုက်တစ်ခုဖြစ်သည့် အင်းလေးကန်သို့ (၃)ရက်တာခရီးစဉ်မှာ ရွေးချယ်ချင်စရာကောင်းလှပါသည်။ အဆိုပါခရီးစဉ်တွင် အင်းလေးဒေသ၏ တစ်မူထူးခြားသည့်အတွေ့အကြုံများကို (၃)ရက်တာ လေ့လာခံစားနိုင်မည် ဖြစ်ပါသည်။

မွန်ပြည်နယ် - (၃)ရက်ခရီးစဉ်

မွန်ပြည်နယ်သည် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများဖြင့် ခရီးသွားဧည့်သည်များကိုအံ့ဩ ဖွယ်ရာအတွေ့အကြုံသစ်များ ပေးစွမ်းလျက်ရှိပါသည်။ မွန်ပြည်နယ်တွင် အကောင်းဆုံးလည်ပတ် နိုင်မည့် (၃) ရက်တာ ခရီးစဉ်ကိုလည်း ဖော်ပြထားပါသည်။

သဘာဝတရား၏ နိဗ္ဗာန်ဘုံ

ရေခဲဖုံးတောင်များသို့ သွားရောက်လည်ပတ်ခြင်း

ဤခရီးစဉ်နမူနာအတိုင်း ဟိမဝန္တာတောင်တန်းဒေသသို့ရက်အနည်းငယ်ခန့် သွားရောက်လည်ပတ် ခြင်းဖြင့် အမှတ်ရဖွယ် အခိုက်အတန့်များစွာကို ရရှိနိုင်မည်ဖြစ်ပါသည်။

ရေငုပ်ခရီးစဉ်

ယခုခရီးစဉ်တွင်ကော့သောင်း၊ ရန်ကုန်နှင့် မြောက်ဦးမြို့များရှိ ထူးခြားသည့်နေရာများတွင် ရေငုပ် ခရီးစဉ်အဖြစ်သွားရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏အကောင်းဆုံးကမ်းခြေများသို့လည်း သွားရောက် လေ့လာမည်ဖြစ်ပါသည်။

ကျွန်းများသို့ စွန့်စားခရီးသွားခြင်း

ယခုခရီးစဉ်တွင်မြိတ်ကျွန်းစုသို့သွားရောက်၍ ပင်လယ်ရေအောက်အလှအပများနှင့် မပျက်စီး သေးသည့် သဘာဝအလှအပများကိုခံစားခြင်းနှင့် မြန်မာနိုင်ငံ၏တောင်ဘက်စွန်းမြို့ဖြစ်သည့် ကော့သောင်းမြို့သို့သွားရောက်လည်ပတ်ခြင်းတို့ပါဝင်ပါသည်။

မြိတ်ကျွန်းစုတွင် ရေငုပ်ခြင်း

ရေငုပ်အပန်းဖြေခြင်းအတွက်ခရီးရက်ရှည်လိုအပ်မည်ဟုထင်ပါသလား။ ကပ္ပလီပင်လယ် တွင် (၃) ရက်ခရီးစဉ်ဖြင့် ရေငုပ်အပန်းဖြေလေ့လာနိုင်ပါသည်။

တောရိုင်းသဘာဝကို လေ့လာခြင်း

ထူးခြားသော တောရိုင်းသဘာဝများကို လေ့လာခြင်းဖြင့် (၄)ရက်တာကို ကုန်ဆုံးနိုင်ပါသည်။ ဤစွန့်စားခရီးစဉ်သည် သင့်အား ထပ်မံလည်ပတ်လိုစိတ်များ ပေးစွမ်းနိုင်ပါလိမ့်မည်။

စွန့်စားသွားလာသူများ၏ အိပ်မက်

စက်ဘီးစီးခရီးစဉ်

မြို့နှင့် ကျေးရွာငယ်လေးများတွင် ညအိပ်ရပ်နားခြင်းဖြင့် ဒေသခံများ၏ လူနေမှုဘဝများကို နားလည်သဘောပေါက်စေပါသည်။

ခရီးကြမ်းလမ်းလျှောက်ခြင်း

မြန်မာ့တောင်တန်းများတွင် ခရီးကြမ်းလမ်းကြောင်းများစွာရှိပြီး ခရီးကြမ်းလမ်းလျှောက်သူ အမျိုးမျိုးတို့အတွက် သင့်လျော်ပါသည်။ မြန်မာနိုင်ငံ၏ စိမ်းလန်းစိုပြေသော တောင်တန်းများတွင် ခရီးကြမ်းလမ်းလျှောက်ရင်း ရက်အနည်းငယ်ကုန်ဆုံးသင့်ပါသည်။

ကယက်လှေစီးခြင်းနှင့် ရေငုပ်ခြင်း

မြန်မာနိုင်ငံ၏ အကောင်းဆုံးကမ်းခြေအချို့သို့ သွားရောက်လည်ပတ်ပါ။ ပင်လယ်ရေပေါ်တွင် ညအိပ်အပန်းဖြေနေစဉ် ကယက်လှေစီးခြင်းနှင့် ရေငုပ်ခြင်းတို့ကို ပျော်ရွှင်ခံစားနိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတောင်ပိုင်းရှိ ထင်ရှားသော မြို့တစ်မြို့ဖြစ်သည့် ထားဝယ်မြို့သို့ သွားရောက်လည်ပတ်ပါ။

ဇွဲကပင်တောင်တက်ခြင်း

ခက်ခဲသောစိန်ခေါ်မှုများကို နှစ်သက်သူများအနေဖြင့် တောလမ်းတစ်လျှောက်ဖြတ်သန်းကာ ဇွဲကပင်တောင်ထိပ်ရှိ ဘာသာရေးအထင်ကရနေရာသို့သွားရောက်သင့်ပါသည်။ ဤ (၃) ရက်တာ ခရီးစဉ်တွင် သင့်တစ်သက်တာ မြင်ဖူးသမျှအနက် အလှပဆုံးသောနေဝင်ဆည်းဆာကို တွေ့မြင်ရပါ လိမ့်မည်။

Popular in Myanmar