စိတ်ဝင်စားဖွယ်အချက်များ
- ကမ္ဘာအရပ်ရပ်ရှိ ခရီးသွားများက ပုဂံဒေသကို ဘုရားစေတီများ ပေါများရာအရပ်ဟု ခေါ်ဝေါ်လေ့ရှိသည်။ ပုဂံသည် ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာ ဘုရားဂူပုထိုးများ၊ စေတီ များနှင့် ရှေးဟောင်းအမွေအနှစ်များ အပေါများဆုံးနှင့် အထူထပ်ဆုံး တည်ရှိရာဒေသ ဖြစ်ပါသည်။
- ပုဂံဒေသသို့ လည်ပတ်ရန်အကောင်းဆုံးအချိန်သည် မိုးအနည်းငယ်သာ ရွာသွန်းသော နိုဝင်ဘာလမှ မေလအထိဖြစ်သည်။
- ပုဂံဒေသရှိ အစားအသောက်များသည် အကောင်းဆုံးသော အိန္ဒိယ၊ တရုတ်နှင့် ထိုင်း အရသာများကို ပေါင်းစပ်ထားသောကြောင့် အာရှ၏ စစ်မှန်သောအရသာကို ခံစားနိုင် သည်ဟု မှတ်ယူကြသည်။
သမိုင်းကြောင်း
ပုဂံကို အေဒီ ၂ ရာစုတွင်တည်ထောင်ခဲ့ပြီး အေဒီ ၈၄၉ တွင် ပုဂံမင်းဆက်ကိုဆက်ခံသူ ပျဉ်ပြားမင်းက ဆက်လက်တည်ထောင်ခဲ့သည်ဟု သမိုင်းမှတ်တမ်းများတွင် ဖော်ပြထား သည်။ အေဒီ ၁၀၄၄ မှ ၁၂၈၇ အထိ ပုဂံနိုင်ငံတော်၏မြို့တော်သည် ပုဂံဖြစ်သည်။ ထိုကာလ အတွင်း ဘာသာရေးအဆောက်အအုံပေါင်း ၁၀,၀၀၀ ကျော်ကို အုပ်ချုပ်သူများနှင့်ကြွယ်ဝ ချမ်းသာသူများက တည်ဆောက်ခဲ့ပြီး မြို့တော်သည်လည်း စည်ပင်ဝပြောခဲ့ကာ နယ်နိမိတ် အားဖြင့်လည်း ကျယ်ပြန့်လာခဲ့သည်။ ပုဂံသည် လောကီရေးရာနှင့် ဘာသာရေးလေ့လာမှု များအတွက် အချက်အခြာဖြစ်ခဲ့ပြီး ပုဂံနိုင်ငံတော်သည် ၁၂၈၇ ခုနှစ်တွင် ပျက်သုဉ်းခဲ့သည်။သွားလာလည်ပတ်နိုင်သော နည်းလမ်းများ
- ပုဂံသို့ မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးအားလုံးမှ လေကြောင်းဖြင့် သွားလာနိုင်သည်။ ပုဂံတွင် ရှိသောလေဆိပ်သည် ညောင်ဦးလေဆိပ်ဖြစ်ပြီး အနီးဆုံး အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှာ ရန်ကုန်နှင့် မန္တလေးတို့ဖြစ်သည်။ ပုဂံသို့ ရန်ကုန်မှသွားလျှင် လေကြောင်း ပျံသန်းချိန်သည် ၁ နာရီနှင့် မိနစ် ၂၀ ကြာမြင့်နိုင်ပြီး မန္တလေးမှသွားလျှင် မိနစ် ၂၀ သာ ကြာမြင့်သည်။
- ပုဂံဒေသသို့ ရထားဖြင့်လည်း သွားရောက်လည်ပတ်နိုင်သည်။ ရန်ကုန်မှ ညနေ ၄ နာရီခန့်တွင် ထွက်ခွာပြီး ပုဂံသို့ နောက်နေ့နံနက် ၁၀ နာရီခန့်တွင်ရောက်သော ညရထား များလည်း နေ့စဉ်ပြေးဆွဲလျက်ရှိသည်။ မန္တလေးနှင့် ပုဂံသို့ ပြေးဆွဲသောရထားများလည်း ရှိပြီး ၇ နာရီ ခန့်ကြာမြင့်သည်။
- ပုဂံသည် မြန်မာနိုင်ငံ၏ ကျန်ရှိနေသောမြို့များကို ကုန်းလမ်းဖြင့် ကောင်းစွာ ဆက်သွယ်ထားသည်။ ရန်ကုန်၊ မန္တလေးနှင့် အခြားသောမြို့များမှ ပုံမှန်အဝေးပြေးကားများ ပြေးဆွဲလျက်ရှိသည်။ ရန်ကုန်မှ ပုဂံသို့ ခရီးစဉ်သည် ၉ နာရီမှ ၁၀ နာရီအထိ ကြာမြင့်ပြီး ယေဘုယျအားဖြင့် ညဘက်တွင် ပြေးဆွဲလေ့ရှိသည်။
- မန္တလေးမှ ပုဂံသို့ နေ့စဉ် နံနက် ၇ နာရီတွင် ပြေးဆွဲသော သင်္ဘောများရှိပြီး ပုဂံသို့ ရောက်ရန် ၈ နာရီခန့်ကြာသည်။ ၎င်းသည် သာယာလှပသော ခရီးစဉ်များထဲမှ တစ်ခုဖြစ်ပြီး အားလပ်ချိန်ရှိပါက သွားရောက်လည်ပတ်ရန် အထူးအကြံပြုလိုပါသည်။
ပုဂံရှိ ခရီးသွားဆွဲဆောင်မှုနေရာများ
ပုဂံသည် ကမ္ဘာပေါ်တွင်အကျော်ကြားဆုံးဖြစ်သော ရှေးဟောင်းနယ်မြေများ အနက်မှ တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံတစ်ဝန်းတွင် မတူညီသောခေတ်ကာလများမှ ရှေးဟောင်း အဆောက်အဦများကို အနှံ့အပြားတွေ့နိုင်သည်။ ပုဂံရှေးဟောင်း ဘုရားပုထိုးများသည် ဧရာဝတီမြစ်ကမ်းတစ်လျှောက်မှ တူရွင်းတောင်အထိ ကျယ်ကျယ် ပြန့်ပြန့်တည်ရှိနေသည်။ ပုဂံရှိ ဘုရားစေတီပုထိုးများကို ဖူးမျှော်ရန် အကောင်းဆုံးနည်းလမ်းမှာ ခြေလျင်ဖြင့် သွားရောက်လည်ပတ်ခြင်းဖြစ်သော်လည်း ဘုရားစေတီပုထိုးများ၏ အပေါ်စီးမှမြင်ရသော မြင်ကွင်းကိုခံစားနိုင်ရန်အတွက် မီးပုံးပျံစီး၍ ရှုမျှော်ခင်းများကြည့်ရှုခြင်းသည်လည်း ထူးခြား သော အစီအစဉ်တစ်ခုဖြစ်သည်။ နေထွက်ချိန်နှင့်နေဝင်ချိန်များကို မီးပုံးပျံစီး၍ ကြည့်ရှုခြင်း သည် ပိုမိုကောင်းမွန်၍ ဆွဲဆောင်မှုရှိသောကြောင့် အထူးအကြံပြုလိုပါသည်။ မီးပုံးပျံမစီး လိုသော ခရီးသွားဧည့်သည်များသည်လည်း စိတ်ပူစရာမလိုဘဲ ပုဂံနန်းမြင့် မျှော်စင်မှနေ၍ ပုဂံဘုရားများကို အပေါ်စီးမှ ကြည့်ရှုနိုင်သည်။
ပုဂံတွင် ဘုရားဖူးခြင်းအပြင် ဧရာဝတီမြစ်တစ်လျှောက် အပျော်စီးသင်္ဘောစီး၍ ညနေ နေဝင်ဆည်းဆာအလှကိုလည်း ခံစားနိုင်ပါသည်။ မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ် သည့် ဧရာဝတီမြစ်ကမ်းတစ်လျှောက်တွင် ရင်သပ်ရှုမောဖွယ်ကောင်းသော ရှုခင်းများကို ကြည့်ရှုနိုင်သောကြောင့် သွားရောက်လည်ပတ်သင့်ပါသည်။ ၎င်းရှုခင်းများကို ကြည့်ရှုရန် မန္တလေးမှ ပုဂံသို့ သင်္ဘောစီး၍ သွားရောက်လည်ပတ်နိုင်ပါသည်။
ဈေးဝယ်ခြင်းကို ကြိုက်နှစ်သက်သော ခရီးသွားဧည့်သည်များအတွက် ပုဂံယွန်းထည် နှင့်လက်မှုပစ္စည်းများရောင်းချသော ဈေးသို့သွားရောက်လည်ပတ်ခြင်းနှင့် လက်ဆောင် ပစ္စည်းများဝယ်ခြင်းကို ပြုလုပ်သင့်ပါသည်။ သို့မဟုတ်ပါက ပုဂံသို့ သွားရောက်လည်ပတ် ခြင်းသည် ပြည့်စုံမည်မဟုတ်ပါ။ အိမ်တွင်းမှုလုပ်ငန်းများသို့သွားရောက်၍ ဆီထုတ်လုပ်ခြင်း နှင့် ထန်းလျက်ထုတ်လုပ်ခြင်း လုပ်ငန်းများကိုလည်း သွားရောက်လေ့လာနိုင်သည်
လုပ်ဆောင်နိုင်သောအရာများ
မြစ်ကမ်းတစ်လျှောက်တွင် နေဝင်ဆည်းဆာကြည့်ခြင်း
မီးပုံးပျံစီးခြင်း
E-Bike ဖြင့် လည်ပတ်ခြင်း
အာနန္ဒာဘုရား
Video
Bagan Itineraries
DAY 1 – ARRIVE IN BAGAN
DAY 2 – TEMPLE TOUR OF BAGAN
DAY 3 – VISIT MOUNT POPA & MORE TEMPLES
DAY 1 – ARRIVE IN MYITKYINA
DAY 2 – TRAVEL TO INDAWGYI LAKE WILDLIFE SANCTUARY
DAY 3 – TRAVEL TO BAGAN
DAY 4: VISIT KANPETLET
DAY 5: TRIP TO NAT MA TAUNG NATIONAL PARK
DAY 1: ARRIVE IN PYAY
DAY 2: VISIT SRI KSETRA ANCIENT CITY
DAY 3: GO TO TAUNGDWINGYI
DAY 4: EXPLORE BEIKTHANO ANCIENT CITY
DAY 5: EXPLORE BAGAN
DAY 6: TRAVEL TO SHWEBO TOWN
DAY 7: VISIT HALIN ANCIENT CITY
DAY 8: EXPLORE MANDALAY
DAY 1 – ARRIVE IN MANDALAY
DAY 2 – TRAVEL FROM MANDALAY TO BAGAN
DAY 3 – TEMPLE RUN IN BAGAN
Read More …