Skip to content

ပုဂံရှိဆွဲဆောင်မှုများ

ဘူးဘုရား

နောက်ခံသမိုင်းကြောင်း

ဘူးဘုရား (“ဘူး”ဆိုသည်မှာ “ဘူးသီး”ကိုဆိုလိုခြင်းဖြစ်ပြီး “ဘုရား”မှာ “ဘုရား” ဖြစ်ပါ သည်။) ကို ပျူစောထီးမင်းက တည်ထားခဲ့ပြီး ဧရာဝတီမြစ်ကမ်းနဖူးတွင် တည်ရှိပါသည် ပျူစောထီးမင်းသည် ပုဂံမင်းဆက်၏ တတိယမြောက်မင်းဖြစ်ပြီး (၃)ရာစု အကုန်ခန့်တွင် ထီးနန်းစိုးစံခဲ့ပါသည်။ ထင်ရှားသော ရှေးဟောင်းသမိုင်းဝင်နေရာများကမူ (၉) ရာစုနှင့် (၁၁) ရာစုခန့်တွင် ပေါ်ပေါက်ခဲ့သည်။ (အသီးသီးအားဖြင့် ပုဂံမြို့တော် တည်ထောင်ခြင်းနှင့် မြို့ရိုး တည်ဆောက်ခြင်းတို့ဖြစ်ပါသည်။) ဒဏ္ဍာရီလာအရ ပျူစောထီးမင်းသည် ပုဂံမင်းဆက်တည်တံ့ရေး အတွက် ရန်ငါးမျိုးကို နှိမ်နင်းအောင်မြင်ခဲ့ ကြောင်းသိရသည်။ မူလဘုရားပုံစံသည် အိန္ဒိယ လက်ရာပုံစံမှ ဆင်းသက်သော ပျူခေတ်ပုံစံ ဖြစ်ပါသည်။ ၁၉၇၅ ခုနှစ် ပုဂံငလျင်တွင် ဘူးဘုရား သည် ဧရာဝတီမြစ်အတွင်းသို့ ပြိုကျပျက်စီးခဲ့ရသည်။

ဘာကြောင့်လည်ပတ်သင့်

ဧရာဝတီမြစ်ပေါ်မှ နေဝင်ချိန်ရှုခင်းကို ဘူးဘုရားမှ အကောင်းဆုံးအနေအထားဖြင့် ကြည့်ရှုနိုင်ပြီး မြစ်ကမ်းပေါ်မှနေ၍ ရှုခင်းကို ရှင်းလင်းစွာမြင်နိုင်ပါသည်။ ၎င်းနေရာမှ ဝင်လု ဆဲဆဲနေကို လက်ပေါ်တွင် တင်ထားဟန် ဓာတ်ပုံကို ရိုက်ကူးနိုင်ပါသည်။

ဘယ်အချိန်သွားရောက်လည်ပတ်သင့်

ပုဂံကို တစ်နှစ်တာပတ်လုံးသွားရောက်လည်ပတ်နိုင်ပါသည်။

သွားလာလည်ပတ်နိုင်သော နည်းလမ်းများ

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED