Skip to content

အင်းလေးရှိ ဆွဲဆောင်မှုများ

ငါးရက်ဈေး

နောက်ခံသမိုင်း

ရွာမကျေးရွာတွင်တည်ရှိပြီး ဒေသခံများ၏ လှေပေါ်တွင် ဈေးရောင်းဝယ်ပုံများကို တွေ့မြင်နိုင် မည်ဖြစ်ပါသည်။ ၎င်းဈေးသည် (၅) ရက်အတွင်း မတူညီသောနေရာ (၅) နေရာသို့ လှည့်လည်ရောင်းချသော ဈေးဖြစ်သောကြောင့် ငါးရက်ဈေးဟု ခေါ်တွင်ပါသည်။ ငါးရက်ဈေးသည် မျိုးနွယ်စုအမျိုးမျိုးနှင့် တောင်တန်းဒေသတို့မှ မျိုးနွယ်စုတို့၏ နှစ်လိုဖွယ် ကောင်းသောဒေသထွက်ကုန်များဖြင့် စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။ ၎င်းဈေးတွင် လုံချည်၊ ယွန်းထည်၊ အိတ်များ၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ကွမ်းရွက်နှင့် ဆေးပေါ့လိပ်ကဲ့သို့သော ကုန်ပစ္စည်းများနှင့် ရိတ်သိမ်းကောက်ပဲသီးနှံများကို ခင်းကျင်း‌ရောင်းချလေ့ ရှိပါသည်။

သွားရောက်လည်ပတ်သင့်သည့်အကြောင်းရင်း

ငါးရက်ဈေးမှာ အင်းလေးကန်တဝိုက်ရှိ အထင်ကရနေရာများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ ဒေသခံ တိုင်းရင်းသားပေါင်းစုံ၏ ရင်းနှီးဖော်ရွေမှု၊ ရိုးသားပွင့်လင်းမှုများကိုတွေ့မြင်နိုင်သည့် အခွင့်အရေး များ ရရှိနိုင်သည်။

သွားရောက်လည်ပတ်နိုင်သောအချိန်

အင်းလေးကန်အတွင်းဈေးဖွင့်သည့်ရက်တွင်အင်းလေးကန်ပတ်ဝန်းကျင်အနီးတဝိုက်မှ လှေငယ် များဖြင့် လာရောက်၍ ကုန်ပစ္စည်းများရောင်းဝယ်ဖောက်ကားကြသည်။ အာလူး၊ ခရမ်းချဉ်သီး၊ခရမ်းသီး၊ ကြက်သွန်၊ ငရုတ်သီး၊ ကွမ်းရွက်၊ ပဲ ကြက်သွန်ဖြူ၊ ဆေးပေါ့လိပ် စသည့် အသီးအနှံအမျိုးမျိုးကို အရောင်အသွေးစုံလင်စွာဖြင့် နှစ်လိုဖွယ်တွေ့ရှိရသည်။ ထို့ပြင်ယွန်းထည်ပစ္စည်းများ၊ ဗုဒ္ဓရုပ်ပွားတော်များ၊ ရှမ်းရိုးရာလုံချည်များ၊လွယ်အိတ်များ၊ ပန်းပုရုပ်များနှင့် အထည်အမျိုးမျိုးကို လည်းဝယ်ယူရရှိနိုင်သည်။

ရောက်ရှိနိုင်မည့်နည်းလမ်း

Video

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED