နောက်ခံသမိုင်းကြောင်း
ရွှေအင်းတိမ်ဘုရားသည် ရှမ်းပြည်နယ် အင်းလေးကန်၊ အင်းတိမ်ရွာရှိ ဘုရားပုထိုးများ ဖြစ်ပါသည်။ ဘုရားများတွင် ရှေးဟောင်းဗိသုကာလက်ရာများ ကျန်ရှိနေပါသေးသည်။ သမိုင်း ကြောင်းအရ ရွှေအင်းတိမ်ဘုရားကို အသောကမင်းကြီးတည်ထားကိုးကွယ်ခဲ့ပြီး အနော်ရထာမင်း က ပြန်လည်ပြုပြင်မွမ်းမံခဲ့ပါသည်။ ယင်းနေရာတွင် ဘုရားပုထိုးစုစုပေါင်း (၁၀၀)ခန့်ရှိပါသည်။
ဘာကြောင့်သွားရောက်လည်ပတ်သင့်သလဲ
ရွှေအင်းတိမ်ဘုရားသည် အင်းလေးကန်သို့ရောက်ရှိပါက မဖြစ်အနေ သွားရောက် လည်ပတ်သင့်သော ဘုရားတစ်ဆူဖြစ်ပါသည်။ အဖြူရောင်စေတီပုထိုးထဲတွင် ဗုဒ္ဓရုပ်ပွားတော် တစ်ဆူဖြစ်ပါသည်။ စေတီပုထိုး၏အောက်ဘက်တွင် နှစ်ပေါင်းရာကျော်သက်တမ်းရှိ ရာပေါင်း များစွာသော စေတီပုထိုးတို့ကို ဖူးမျှော်နိုင်ပါသည်။ ရွှေအင်းတိမ်ဘုရားသည် အင်းတိမ်တွင်ရှိပြီး ရွာမရွာမှ (၅)ကီလိုမီတာခန့် လှေစီးပါက ရောက်ရှိနိုင်ပါသည်။ အင်းလေးကန်အတွင်း လှေစီးရ သည်ကပင် သင့်ကို အင်းလေးကန်၏ အကောင်းဆုံးများကို ရှာဖွေပေးပါလိမ့်မည်။
ဘယ်အချိန်သွားရောက်လည်ပတ်သင့်သလဲ
သမိုင်းဝင်ဘုရားပုထိုးများ ဖူးမျှော်ရန်နှင့် လှပသော ဓါတ်ပုံများရိုက်ယူနိုင်ရန် နံနက်ခင်း အချိန်သည် သွားရောက်လည်ပတ်ရန် အကောင်းဆုံးဖြစ်ပါသည်။ ဖွင့်လှစ်ချိန်မှာ နံနက် (၈:၀၀) နာရီမှ ည (၆:၀၀) နာရီအထိဖြစ်ပါသည်။
ဘယ်လိုသွားရမလဲ
- အင်းတိမ်ရွာသည် အင်းလေးကန်၏ (၈)ကီလိုမီတာအကွာတွင် ရှိပါသည်။ သဘာဝ အလှအပများကို ခံစားရန်နှင့် လေကောင်းလေသန့်ရရှိရန်အတွက် လှေဖြင့်သွားရောက်ခြင်း သည် အလွယ်ကူဆုံးဖြစ်ပါသည်။ လှေများကိုဟိုတယ်မှနေ၍ လွယ်ကူစွာကြိုတင်ငှားရမ်းနိုင်ပါ သည်။