Skip to content

တောလမ်းခရီးသွားခြင်း

ကလော

နောက်ခံသမိုင်းကြောင်း

မြန်မာနိုင်ငံတွင် စိတ်ဝင်စားဖွယ်ကောင်းပြီး စွန့်စားသွားလာရသော လမ်းလျှောက် ခရီးစဉ်လမ်းကြောင်းများရှိပြီး အဆိုပါခရီးသွားရာသီမှာ နိုဝင်ဘာလမှ မတ်လအစောပိုင်းအထိ အကောင်းဆုံး ဖြစ်ပါသည်။     အထင်ရှားဆုံးလမ်းကြောင်းတစ်ခုမှာ ကလောမှ အင်းလေးကန် ခရီးစဉ်လမ်းကြောင်းဖြစ်ပါသည်။ ရှမ်းကုန်းမြေမြင့်များကို ဖြတ်သန်းသွားလာရသော အဆိုပါ ခရီးစဉ်လမ်းကြောင်းမှာ သာယာလှပသော ရှုမျှော်ခင်းများကြောင့် စိတ်အပန်းပြေ ကြည်နူးဖွယ် ဖြစ်ပါသည်။ ကလောမြို့ ရာသီဥတုမှာ အထူးအေးမြသဖြင့် လမ်းလျှောက်ခရီးသွားလာရသည့် မောပန်းမှုကို လျော့ပါးသက်သာစေ သည်။

          ထို့အပြင် ဒေသဧည့်လမ်းညွှန်များက သင့်ကို ဒေသခံအိမ်များသို့ ခေါ်ဆောင်သွားမည် ဖြစ်ရာ ဒေသထွက်ရိုးရာအစားအစာများကို မြည်းစမ်းခွင့် ရရှိစေမည်ဖြစ်ပါသည်။ သင်သည် ဖြတ်သန်းသွားလာသော လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ စစ်မှန်သော ခရီးသွားအတွေ့ အကြုံများ ရရှိလာမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ထို့ကြောင့် စိတ်ကျေနပ်ဖွယ်ရာကောင်းသော ကလောလမ်းလျှောက်ခရီးစဉ်ကိုစတင်ရန် သင်၏ခရီးဆောင်အိတ်ကို အဆင်သင့်ပြင်ထားပါ တော့ မိတ်ဆွေ။

ဘယ်လိုသွားရမလဲ

နတ်မတောင်(ဝိတိုရိယတောင်) ချင်းပြည်နယ်

နောက်ခံသမိုင်းကြောင်း

အခြားထင်ရှားသော လမ်းလျှောက်ခရီးစဉ်တစ်ခုမှာ ချင်းပြည်နယ်ရှိ နတ်မတောင် (ဝိတိုရိယတောင်) ခရီးစဉ်ဖြစ်ပါသည်။ ဝိတိုရိယတောင်ရှုခင်းသည် အလွန်သာယာလှပပြီး ငှက်ကြည့်ရန် အထူးကောင်းမွန်သောနေရာဖြစ်ပါသည်။ နိုဝင်ဘာ၊ ဒီဇင်ဘာလနှင့် ဖေဖော်ဝါရီလ များသည် အေးမြပြီး သွားရောက်ရန် အကောင်းဆုံးဖြစ်ကာ တောင်ပေါ်တွင် တောင်ဇလပ်ပန်း များပွင့်ချိန်လည်းဖြစ်ပါသည်။

          တောင်ထိပ်သို့ရောက်ရန် ၅ နာရီခန့်ကြာမြင့်ပြီး တောင်ထိပ်မှနေ၍ သစ်တောများဝန်းရံ နေသည့်ရှုခင်းကို အပေါ်စီးမှ ကြည့်ရှုခံစားနိုင်ပါသည်။

ဘယ်လိုသွားရမလဲ

သီပေါမှ ပလောင်ရွာများ(ပန်ကန်)

နောက်ခံသမိုင်းကြောင်း

နောက်ထပ်ထင်ရှားသော လမ်းကြောင်းတစ်ခုမှာ သီပေါမှ ပလောင်ရွာများသို့ သွား ရောက်သည့် ခရီးစဉ်ဖြစ်ပါသည်။ ရွာများသို့ ရောက်ရှိရန် ၄ နာရီမျှသာကြာမြင့်ပြီး ရွာများတွင် ညအိပ်ရပ်နားနိုင်ပါသည်။ ခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် ထင်ရှားသည့် ဂုတ်ထိပ်တံတားကို ဖြတ်သန်းသွားရမည်ဖြစ်ပါသည်။ ဒေသဧည့်လမ်းညွှန်လိုက်ပါပါက ခရီးစဉ်သည် ပိုမိုသက်တောင့် သက်သာဖြစ်မည်ဖြစ်ပြီး သယာလှပသော တောတောင်ရှုခင်းများနှင့် ဒေသထွက်ရိုးရာ အစား အစာများ၊ ရှမ်းအစားအစာများကို နေ့လည်စာ၊ ညစာအဖြစ်လည်း မြည်းစမ်းသုံးဆောင်ခွင့် ရရှိမည်ဖြစ်ပါသည်။

ဘယ်လိုသွားရမလဲ

Video

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED