Skip to content

မန္တလေးရှိ ဆွဲဆောင်မှုများ

ဦးပိန်တံတား

နောက်ခံသမိုင်း

ဦးပိန်တံတားသည် တောင်သမန်အင်းကိုဖြတ်၍ ဖောက်လုပ်ထားသော ရှည်လျားလှ သည့် သစ်သားတစ်စင်းဖြစ်သည်။ ၁.၂ ကီလိုမီတာရှည်လျားပြီး သက်တမ်းနှစ် ၂၀၀ ကျော်ရှိပြီ ဖြစ်သည်။ သို့သော် ဦးပိန်တံတားသည် ခိုင်ခံလှသော ကျွန်းသစ်များကို ထည့်သွင်းတည်ဆောက် ထားသောကြောင့် ကြံ့ခိုင်နေဆဲဖြစ်သည်။ ၁၈၅၉ ခုနှစ်တွင် မင်းတုန်းမင်းသည် ၎င်း၏မြို့တော် ကို အမရပူရမှ မန္တလေးနေပြည်တော်သို့ ရွှေ့ပြောင်းသောအခါ နန်းတော်မှကျန်ရစ်သော ကျွန်းသစ်အလုံးရေ ၁၀၀ ကျော်ကို အမရပူရမြို့ဝန်ကရယူ၍ တောင်သမန်အင်းကိုဖြတ်ကာ တံတားတည်ဆောက်ခဲ့သည်။ 

သို့ဖြစ်ရာ အင်းတစ်ဖက်ကမ်းမှ တစ်ဖက်သို့ သွားလာရသည့် အချိန်လျှော့ချနိုင်ခဲ့ပြီး တံတား၏အမည်ကို တည်ဆောက်သူဦးပိန်၏အမည်ကို ရယူ၍ ဦးပိန် တံတားဟုခေါ်ဆိုခဲ့ကြသည်။ တံတားသည် အတန်ငယ် ကွေးကောက်ဟန်ရှိပြီး ထောင်ပေါင်း များစွာသော ကျွန်းတိုင်များဖြင့် ထောက်ထားသည်။ သို့သော် နှစ်ပေါင်းကြာလာသည်နှင့်အမျှ အချို့သောသစ်လုံးများမှာ ရေဒဏ်ကြောင့် ဆွေးမြေ့လာခဲ့ပြီး ပြုပြင်ရန် လိုအပ်လျက်ရှိပါသည်။ အခင်းပြားများကို အင်းဝနန်းတော်ဟောင်းမှ ရယူတည်ဆောက်ထားခဲ့ခြင်းမှာ ဦးပိန်တံတား၏ ရာဇဝင်ပင်ဖြစ်ပါသည်။

ဘာကြောင့်သွားရောက်လည်ပတ်သင့်သလဲ

ဦးပိန်တံတားသည် ၁.၂ ကီလိုမီတာရှည်လျားသော ကမ္ဘာပေါ်တွင်ရှေးအကျဆုံး သစ်သား တံတားဖြစ်ပါသည်။ တံတားတည်ဆောက်ထားပုံမှာ ထူးခြားပြီး၊ ကမ္ဘာလှည့်ခရီးသွား ဧည့်သည် များသည် တံတားပုံကိုလာရောက် ဓါတ်ပုံရိုက်ယူလေ့ရှိကြပါသည်။ တံတားနှင့် နေဝင်ချိန် ရှုခင်းသည် သာယာလှပါသဖြင့် ဓါတ်ပုံရိုက်ရန် အကောင်းဆုံးနေရာတစ်ခုဖြစ်ပါသည်။ ဦးပိန် တံတားသည် ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်စရာနေရာတစ်ခုဖြစ်သကဲ့သို့ ဒေသခံများ၏ နိစ္စဓူဝ ဖြတ်သန်းသွားလာရေးအတွက်လည်း အရေးပါပါသည်။ အင်းရေပြင်ပေါ်မှ မိုးကုတ် စက်ဝိုင်းသို့ ဖြည်းညင်းစွာ နေဝင်သွားသောအချိန်သည် အမရပူရမြို့သူမြို့သားတို့၏ နိစ္စဓူဝ လုပ်ငန်းဆောင်တာများပြီးစီး၍ တံတားကိုဖြတ်၍ အိမ်ပြန်ချိန်ပင် ဖြစ်လေသည်။

ဘယ်အချိန်သွားရောက်လည်ပတ်သင့်သလဲ

ဦးပိန်တံတားသို့ သွားရောက်လည်ပတ်ရန် အကောင်းဆုံးအချိန်သည် နေဝင်ချိန်ဖြစ်ပြီး ဝင်လုဆဲ နေမင်းကြီးနှင့် တံတား၊ ကန်အတွင်း ပေါက်ရောက်နေသော သစ်ပင်တို့သည် ပန်းချီကားတစ်ချပ်သဖွယ်ဖြစ်သည်။ ဉီးပိန်တံတားသည် ရှေးမြန်မာမြို့တော်ဖြစ်သော အမရပူရ ကို ချိတ်ဆက်ပေးထားပါသည်။ နံနက်စောစောပိုင်းနှင့် ညနေနေဝင်ချိန်တို့တွင် တံတားပေါ်တွင် ခရီးသွားများဖြင့် ပြည့်နှက်လျက်ရှိနေတတ်ပြီး ဓာတ်ပုံရိုက်ကူးသူများအတွက် ကောင်းမွန်သော မြင်ကွင်းကို ဖန်းတီးပေးသကဲ့သို့ ရှိနေပေသည်။

ဘယ်လိုသွားရမလဲ

Video

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED