Skip to content

ရန်ကုန်မြို့ရှိ ဆွဲဆောင်မှုများ

ဆူးလေဘုရား

နောက်ခံသမိုင်းကြောင်း

ရန်ကုန်မြို့လယ်နေရာတွင်တည်ရှိသည့် ဆူးလေဘုရားမှာအထင်ကရတစ်ခုဖြစ်ပြီး ရွှေတိဂုံ ဘုရားထက် သက်တမ်းပိုကြာကာ နှစ်ပေါင်း(၂၀၀၀)ကျောိသက်တမ်းရှိသည့် ရှေးဟောင်းဘုရားပုထိုး တစ်ခုဖြစ်သည်။ မွန်နာမည်ဖြစ်သော “ကျိုက်အသောက်” မှာ “ဆံတော်ရှင်ဌာပနာထားကိုးကွယ်သည့် ဘုရား” ဟု အနက်အဓိပ္ပာယ်ဖြင့် တည်ထားကိုးကွယ်ခြင်းဖြစ်သည်။ အဓိကလမ်းဖြစ်သော မဟာဗန္ဓု လလမ်းနှင့်ဆူးလေဘုရားလမ်းဆုံရာအဝိုင်းလမ်းဆုံ မြို့လယ်ခေါင်တွင်တည်ရှိသည်။ ကုန်းကျော်တံတား (၂)စင်းမှတဆင့် (သို့) အရပ်လေးမျက်နှာ ဝင်ပေါက်(၄) ခုကို မျက်နှာချင်းဆိုင် ထားသည့် နေရာမှဖြတ်၍ ရောက်ရှိနိုင်သည်။ဘုရားမှာအဋ္ဌဂပုံသဏ္ဍာန်ရှိပြီးဘုရားရင်ပြင်တော်ပေါ်သို့တက်သွားပါက ခေါင်းလောင်း တွေ့ရမည်ဖြစ်သည်။ရှေးမူမပျက်ပုံစံ ဖြင့် အဋ္ဌဂပုံဘုရားရုပ်ပွားတော်အားဘုရားကျောင်းဆောင်များဖြင့် ဝန်ရံထားပြီးအဋ္ဌဂပုံအတိုင်း လျှောက်လမ်းများရှိပါသည်။ ထိုလျှောက်လမ်းတစ်လျှောက်တွင် ကျောင်း ဆောင်များ ၊ စေတီများ၊ ခေါင်းလောင်းများဖြင့် သပ္ပာယ်စွာဖူးတွေ့နိုင်သည်။အမှတ်တရပစ္စည်းများကို ဆူးလေဘုရားတစ်လျှောက် ဆိုင်ခန်းများမှ ဝယ်ယူရရှိနိုင်ပြီး ဘာသာရေးနှင့် မဆိုင်သော လုပ်ငန်းများ အဖြစ်ဗေဒင်ဟောခန်းများ၊ ဗေဒင်ဆရာများကို တွေ့မြင်နိုင်သည်။

သွားရောက်လည်ပတ်သင့်သည့်အကြောင်းရင်း

ဆူးလေဘုရားမှာ ရန်ကုန်မြို့လယ် အထင်ကရနေရာတွင်တည်ရှိပြီး အံ့ဩဖွယ်ရာဖွဲ့စည်း တည် ဆောက်မှု ပုံစံဖြင့် ဘာသာရေးဆိုင်ရာအထင်ကရဖြစ်မှု၊ အနုပညာလက်ရာမြောက်သောအလှအပများကို ထင်ဟပ်စေသောကြောင့်ဖြစ်သည်။

ရောက်ရှိနိုင်မည့်နည်းလမ်း

Video

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED