အကြံပြုချက်များ

မြန်မာနိုင်ငံသည်နွေးထွေးပျူငှာမှုများဖြင့် ခရီးသွားများအားအစဉ်အမြဲ ကြိုဆိုလျက်ရှိပါသည်။ ခရီးသွားတစ်ယောက်အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခြင်းဖြင့် ဘဝတွင် ကြီးကျယ် ကောင်းမွန်သော အချိန်ကာလများကိုတွေ့ကြုံနိုင်မည်ဖြစ်ပေရာ ခရီးသွားလာမှုပိုမိုလွယ်ကူစေရေး အတွက် အောက်ဖော်ပြပါအချက်များကိုအကြံ ပြုဖော်ပြလိုပါသည်။

မြန်မာနိုင်ငံတွင်လည်ပတ်သွားလာရန်အကြံပြုချက်များ

ဗီဇာ

မြန်မာနိုင်ငံသို့သွားလာလည်ပတ်ရန် ကမ္ဘာလှည့်ဗီဇာဖြင့်သွားရောက်နိုင်ပြီး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် လုပ်ငန်းဗီဇာဖြင့်သွားရောက်နိုင်ပါသည်။ အီလက်ထရောနစ်ဗီဇာဖြင့် ဝင်ရောက် ရန် နိုင်ငံအများအပြားသို့ ခွင့်ပြုပေးထားပြီးအချို့သောနိုင်ငံများအတွက် ဆိုက်ရောက်ဗီဇာကိုခွင့်ပြုပေး ထားပါသည် ။ အချို့သောနိုင်ငံများ အတွက်လည်း ဗီဇာကင်းလွတ်ခွင့်ပြုပြီးဖြစ်ပါသည် ။

ဟိုတယ်များ

ခရီးသွားတစ်ယောက်အနေဖြင့် သုံးစွဲရန်ချိန်ဆထားသော အသုံးစရိတ်အတွင်းတည်းခိုနေထိုင်ရန် ရွေးချယ်စရာ ဟိုတယ်အများအပြားရှိသဖြင့် နှစ်သက်ရာဟိုတယ်ကိုရွေးချယ်တည်းခိုနိုင်ပါသည်။ မြန်မာ လူမျိုးများသည် ဧည့်သည်အား အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်သည့် အိမ်ရှင်များဖြစ်ကြောင်းခရီး သွားများအနေဖြင့်သိရှိခံစားနိုင်မည်ဖြစ်ပါသည် ။

လှည့်လည်သွားလာခြင်း

 မြန်မာနိုင်ငံတွင်လေကြောင်းလိုင်းများ၊ သင်္ဘောများ၊ မီးရထားများ၊ ဘတ်စ်ကားများဖြင့်ခရီး သွားလာနိုင်ပါသည်။ နေရာတိုင်းလိုလိုတွင် အများပြည်သူသုံးယာဉ် များကိုရွေးချယ်စီးနင်းသွားလာနိုင် ပါသည် ။ သို့ရာတွင် အချို့သောနေရာများသို့ ကားလမ်းဖြင့်သွားလာရန် ကန့်သတ်ချက်များရှိသဖြင့် ၎င်းတို့ကိုသတိပြုသွားလာရမည်ဖြစ်ပါသည်။

ခရီးသွားလာရန်ရှင်သန်ပါ